ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လအတွင်း ရော်ဘာတင်ပို့မှု အနီးစပ်ဆုံးကာလထက် တန်နှစ်ထောင်ကျော်ပိုမို

ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ ရက် အထိ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ ၁၂၅၆ တန်တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှRSS 3  ၇၈၅ တနှ်RSS 1   တန် ၃၀၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှMSR 20၃၆ တန်၊ မြိတ်ကုန်သွယ်ရေးစခန်းမှMSR 20ဝ  တန် ၂၀ဝ၊Mixtures of Natural Rubber ၁၀၅ တန်၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန် ၁၀ဝ တင်ပို့ခဲ့ပါတယ်။ သြဂုတ်လတစ်လ လုံးမှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၇၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၀၃၀ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇူလိုင်လထက် တန် ၂၀၆၀ ခန့်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး မှာRSS 3   တစ်တန်ကို ၁၅၁၂၆၃၈ ကျပ် ဖြစ်ပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ၈၁၅၀ ကျပ်ပိုမိုလာတာတွေ့ရပါတယ်။ ဒေသ ပေါက်ဈေးအနေနဲ့ မော်လမြိုင်မှာRSS 3    တစ်တန်ကို ကျပ် ၁၄ ဒသမ ၅၉ သိန်းRSS 5  တစ်တန်ကို ကျပ် ၁၂ ဒသမ ၃၉ သိန်းရှိပါတယ်။
    သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၉ သန်းတန်ဖိုးရRSS 3   တန် ၈၀ နဲ့MSR 20    ၁၀၅ တန်စုစုပေါင်း ရော်ဘာ ၁၈၅ တန်ကို မလေးရှား တစ် နိုင်ငံတည်းကို တင်ပို့ခဲ့ပါတယ်။ သြဂုတ် လတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၀ သန်းတန်ဖိုးရှိ ရော်ဘာ ၂၃၃၇ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇူလိုင်လတင်ပို့မှုထက် တန် ၃၀ လျော့ နည်းခဲ့ပါတယ်။
    ယခုတစ်ပတ်မှာ  နိုင်ငံတကာ ရော်ဘာဈေးအတက်အကျ အနည်း ငယ်သာ ရှိပါတယ်။ ဒါကြောင့် ပြည်ပ ပို့မယ့် မြန်မာ့ ရော်ဘာဈေးလည်း အတက် အကျသိပ်မရှိဘဲ ယခင် တစ်ပတ်ဈေး အတိုင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း က ထုတ်ပြန် ထားကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General