အိန္ဒိယနိုင်ငံသို့ ပြည်တွင်းမှထွက်ရှိသည့် ကွမ်းသီးတန် ၄၀ဝ ကျော် ပိုမိုတင်ပို့

အိန္ဒိယ နယ်စပ်မှ သြဂုတ်လ နောက်ဆုံးပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၂၀၃သန်း တန်ဖိုးရှိ ကွမ်းသီး ၁၂၂၃တန်ကို တစ်ဘက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၅၃တန်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ တန် ၄၇၀ခန့် ပိုမို တင်ပို့နိုင် တာ တွေ့ရပါတယ်။
တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၈၂၉  သန်းတန်ဖိုးရှိ ကွမ်းသီး တန် ၈၂၀ နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၃၇၄ သန်း တန်ဖိုး ရှိ ကွမ်းသီး ၄၀၃ တန်ကို အိန္ဒိယသို့ တင်ပို့ခဲ့ပါတယ်။
တမူးကုန်သွယ်ရေး စခန်းမှ ကွမ်းသီးအပြင် နမ့်ဖာလုံ အမယ် စုံနဲ့ စီးကရက်ကို အမေရိကန် ဒေါ်လာ သုည ဒသမ ၃၁၅သန်းဖိုး နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ မုန့်မျိုး စုံ၊ ပလပ်စတစ်အိတ်၊ ကလေးဝမ်း ဆက်၊ ကလေးဝတ်တီရှပ်၊ ကလေး ဝတ် အနွေးထည်၊ မအတွင်းခံ ဘောင်းဘီတို့ကို အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်းဖိုး တင်ပို့နိုင် တယ်လို့ သတင်းရရှိပါတယ်။   
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General