ယခုတစ်ပတ်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ကျော်ရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိ ကန်ဒေါ်လာ ၂၄၂ ဒသမ ၉၀၆ သန်း၊ သွင်းကုန် တင်သွင်းနိုင်မှုမှာ အမေ ရိကန်ဒေါ်လာ ၃၆၇ ဒသမ ၆၁၁ သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၆၁၀ ဒသမ ၅၁၇ သန်း ဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေမှာ အမေ ရိကန်ဒေါ်လာ ၁၂၄ ဒသမ ၇၀၅ သန်း ဖြစ်ပြီး လိုငွေပြရခြင်းမှာ ချုပ်ပြီး အထည်နဲ့ ပဲတီစိမ်းတင်ပို့မှု လျော့နည်း ခဲ့တဲ့အတွက်ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ယခုတစ်ပတ်အတွင်း ပို့ကုန် အမေရိ ကန်ဒေါ်လာ ၇၀ ဒသမ ၆၀၁ သန်း နဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၃၁၅ ဒသမ ၄၅၉ သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈၆ ဒသမ ဝ၆၀ သန်းနဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၈၅၈ သန်းဖြစ်ပါတယ်။ ကုန်သွယ်ရေးစခန်း များမှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၃၀၅ သန်း၊ သွင်းကုန်အမေရိ ကန်ဒေါ်လာ ၅၂ ဒသမ ၁၅၂ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၂၂၄ ဒသမ ၄၅၇ သန်း ဖြစ်ပြီး၊ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၁၅၃ သန်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍတစ်ခုလုံး အနေနဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁၂၄ ဒသမ ၇၀၅ သန်းရှိနေပါ တယ်။            ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General