ကြက်သွန်ဖြူစိုက်ဧက လျော့သွားလို့ အထွက်နည်းပြီး ဈေးကောင်းရလာ

ဒီနှစ်မှာ ရှမ်းကြက်သွန်ဖြူက ဈေးကောင်းရနေပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစပြီး  ဆက်တိုက်ဈေးကွက်ပျက်ခဲ့တာ၊ ဈေးပြန်ကောင်းလာတာ မနှစ်နဲ့  ဒီနှစ် နှစ်နှစ်ခန့်သာရှိပါတယ်။ ငါးနှစ်ခန့် ဈေးကွက်ပျက်တာကြောင့် စိုက်တဲ့ တောင်သူတွေကလည်း စိတ်ပျက်ပြီး မစိုက်ကြတော့ပါဘူး။ ကြက်သွန်ဖြူ နေရာ မှာ ပြောင်းကိုအစားထိုးစိုက်ပျိုးနေတာကြောင့် စိုက်ဧကလည်း လျော့သွားပါတယ်။ ဒီနှစ်မှာတော့ ဈေးကောင်းရပေမယ့် စိုက်တဲ့တောင်သူတွေ နည်းလာပါတယ်။ အရှုံးပေါ်ခဲ့တဲ့ အတွက် တောင်သူတွေကလည်း မျိုးဖိုးတောင် မတတ်နိုင်တော့လို့ မစိုက်နိုင်ကြတော့ဘူးလို့သိရပါတယ်။
ဈေးကွက်မှာတော့ မှန်မှန်အရောင်းအဝယ်ဖြစ်နေပြီး လက်ကျန်က အထွက်နှုန်းရဲ့ တစ်ဝက်ခန့် ကျန်နေသေးတယ် လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူကို အဓိကဝယ်ယူတဲ့ ဝယ်လက်က ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ တပ်ကုန်း စတဲ့မြို့တွေက ဖြစ်ပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက် မှာ ကြက်သွန်ဖြူ တစ်ပိဿာပေါက်ဈေးတွေက (လက် ချား)ကျပ် ၂၃၀ဝ၊ (ထူး-၁)ကျပ် ၂၅၀ဝ၊ (ထူး-၃)ကျပ် ၃၀ဝ၀၊ (ထူး-၄)ကျပ် ၃၃၀ဝ၊ (ထူး-၅)ကျပ် ၃၅၀ဝ ဈေးရှိ ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ကြက်သွန်ဖြူတစ်ပိဿာ ပေါက်ဈေးတွေက(လတ်ချား)ကျပ် ၂၂၀ဝ၊ (ရှယ်)ကျပ် ၂၆၀ဝ၊ (ထူး-၁)ကျပ် ၃၀ဝ၀၊ (ထူး-၂) ကျပ် ၃၃၀ဝ၊ (ထူး-၃)ကျပ် ၃၆၀ဝ၊ (ထူး-၄)ကျပ် ၃၇၀ဝ ဈေးပေါက်တယ်လို့ ကြက်သွန်ဖြူ ပွဲရုံ တွေက သိရပါတယ်။ဧခိုင်(တောင်ကြီး)
 

Agency Ministry of Foreign Affairs
Category General