ပုသိမ်ဆန်စပါးဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းလျက်ရှိ

သြဂုတ်လအတွင်း   ပုသိမ်ဆန် စပါးဈေးကွက်မှာ  အရောင်းအဝယ် အေးလျက်ရှိပြီး ယခင်လထက် ဈေးကျ  ဆင်းလျက်ရှိကြောင်း   ယခင်နှစ်ရေကြီး ချိန်က နွေသီးထပ်ရင် ဆန်တစ်အိတ်ကို ကျပ်၂၀ဝ၀၊ ကျပ် ၃၀ဝ၀ ဈေးနှုန်းမြင့် တက်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လ အတွင်း ကာလတူရေကြီးချိန်မှာ  ဆန် စပါးဈေးနှုန်း မြင့်တက်မှုမရှိကြောင်း ဈေးကွက်မှ သိရပါတယ်။
ယခင်လက ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင်   (တင်း ၁၀ဝ)လျှင် ၁၀၅၀ဝ၀ဝ ကျပ်၊ ယခု ၁၀၄၀ဝ၀ဝ ကျပ်၊ ၁၀၃၅၀ဝ၀ ကျပ်၊ ပေါ်ဆန်းရင် စပါး ၁၀၅ ပေါင် (တင်း  ၁၀ဝ)လျှင် ၉၅၀ဝ၀ဝ ကျပ် ဈေးမရှိခဲ့သော်လည်း ယခုအခါတွင် ကျပ် ၉၄၀ဝ၀ဝ၊ ၉၃၅၀ဝ၀ ဈေးဖြစ်သွားပြီး၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀ဝ၀ မှ ယခု ၃၄၅၀ဝ ကျပ်၊ ၃၄၀ဝ၀ ကျပ်၊ ပေါ်ဆန်းရင်ဆန် တစ်အိတ်လျှင် ၃၄၀ဝ၀ ကျပ်မှ ယခု ၃၃၀ဝ၀ ကျပ်၊ ၃၃၅၀ဝ ကျပ်ဈေးသို့ ရောက်ရှိသွားကြောင်း၊ မိုးစပါးဟောင်း မနောသုခ၊ မျိုးပွားစပါး ပေါင် ၁၀ဝ (တင်း  ၁၀ဝ) လျှင် ယခင် ၆၅၀ဝ၀ဝ ကျပ်ဈေးမှ ယခု ၆၄၀ဝ၀ဝ ကျပ်၊ဆန်တစ်အိတ်လျှင် ယခင် ၂၄၀ဝ၀ ကျပ်၊ ၂၅၀ဝ၀ ကျပ်မှ ယခု ၂၃၀ဝ၀ ကျပ်၊ ၂၄၀ဝ၀ ကျပ်၊ နွေသီး ထပ်ရင် စပါး ပေါင် ၁၀ဝ (တင်း ၁၀ဝ)ကို ၅၅၀ဝ၀ဝ ကျပ်မှ ယခု ၅၄၀ဝ၀ဝ ကျပ်၊ ၅၃၅၀ဝ၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ယခင် ၂၁၀ဝ၀ ကျပ်၊ ၂၁၅၀ဝ ကျပ်မှ ယခု ၂၀၅၀ဝ ကျပ်၊ ၂၁၀ဝ၀ ကျပ်ဖြစ် သွားကြောင်း၊ သြဂုတ်လအတွင်း ရေ ကြီးချိန် စပါး၊ ဆန်ဈေးမြင့်တက်နိုင် သည်ဟု ကုန်သည်အချို့က  ခန့်မှန်း သော်လည်း ရေပြန်ကျချိန်တွင် ဈေး မြင့်တက်မှုမရှိဘဲ လက်ရှိတွင် စပါးဈေး နှုန်းမှာ တင်း ၁၀ဝ ကို တစ်သောင်းခွဲနှစ် သောင်းဝန်းကျင်နှင့် ဆန်တစ်အိတ် လျှင် ကျပ် ၅၀ဝ မှ ၁၀ဝ၀ ခန့် ဈေးကျ ဆင်းလျက်ရှိကြောင်း ဆန်စပါးအသိုင်း အဝိုင်းမှ သိရပါတယ်။
ဈေးကွက်သဘောအရ အရောင်းအဝယ်အေးလျှင် ဈေးနှုန်းကျဆင်းမှုရှိပြီး၊ အတက်ဈေးကို စောင့်နေတဲ့ တောင်သူ၊ကုန်သည်အချို့မှာမိမိတို့စပါးများကို ရောင်းချရန်ကုန်သည်၊ စက်ပိုင်များကို လိုက်လံချိတ်ဆက်လျက် ရှိသော်လည်း အရောင်းအဝယ်အေးသည့်အတွက် ဝယ်လက်များက ဝယ်ယူရန် စိတ်ဝင်စားမှုမရှိကြောင်း လက်ရှိပုသိမ်ဈေးကွက်တွင်ရန်ကုန်၊ ဟင်္သာတ-ပြည်နှင့်အထက်အညာဒေသများမှ လည်းဝယ်လိုအားလျော့နည်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရပါတယ်။ မင်းမင်းဦး(ပုသိမ်)
 

Agency Ministry of Foreign Affairs
Category General