တရုတ်နိုင်ငံသို့ ချင်းခြောက်တင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းစို တင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၆၂၁၆၇ တန်ဖိုးရှိ  ချင်းခြောက် တန် ၄၀ တင်ပို့နိုင်ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးနဲ့
စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ် လာ၅၆၂၈၀ တန်ဖိုးရှိ ချင်းစို ၁၅၃ တန် တင်ပို့ခဲ့ပါတယ်။  စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မောင်တောမှ တန် ၁၅၀ နဲ့ စစ်တွေမှ ၃ တန်ဖြစ်ပါတယ်။  ယခင်သီတင်းပတ်က စစ်တွေနဲ့ မောင်တောမှသာ ချင်းစိုတန် ၁၆၀ တင်ပို့ခဲ့ပါတယ်။မူဆယ်မှာ ချင်းခြောက် တစ်တန်ကို  (ငွေလဲနှုန်း အရ) မိမိဖက်ပေါက်ဈေးမှာ ၁၈၂၉၇၂၀ ကျပ်ဖြစ်ပြီး စစ်တွေ၊ မောင်တောမှာတော့ချင်းစိုတစ်တန်လျှင် ၉၀ဝ၇၅၂ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။                                               

Agency Ministry of Foreign Affairs
Category General