ပင်လယ်ရေကြောင်းမှ မန်ကျည်း တန် ၂၀ဝ ကျော်တင်ပို့
                                                    
                
	သြဂုတ် ၁၄ ရက်မှ၂၀ ရက် သီတင်းပတ်အတွင်း မန်ကျည်း ၂၃၃တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့ မန်ကျည်းကဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း
	ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားသို့ ၉၆ တန်၊ စင်ကာပူသို့ ၄၁တန်နဲ့ ဘူလ်ဂေးရီးယားသို့ ၉၆ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ၄၂၇၉၅ ဝင်ငွေရရှိခဲ့တယ်။  
                        Agency Ministry of Foreign Affairs
                        
                        Category General