မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းနက်တစ်မျိုးသာ ဈေးမာ

မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် ဝယ်လိုအားရှိတဲ့ နှမ်းနက်တစ်မျိုးသာ ဈေးမာခဲ့သလို အရောင်းအဝယ်လည်းသွက် ခဲ့ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံဈေးကွ က်မှာ နှမ်းဖြူ တစ် တင်း ကျပ် ၃၀ဝ၀ဝ မှ ၃၁၀ဝ၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက် အိတ် ၁၀ဝ ခန့် နှမ်းညို (သစ်)ဟာ တစ်တင်း ၂၃၅၀ဝ မှ ၂၄၃၀ဝ ကျပ်အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၁၀ဝ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် နှ မ်းနက်ကတော့ တရုတ် ဝယ်လက်ရှိလို့ တစ်တင်းကျပ် ၅၀ဝ၀ဝ ဝန်းကျင်မှာ ဈေးမာခဲ့သလို တစ်ရက်အိတ် ၂၀ဝ မှ ၃၀ဝ ကြား အရောင်းအဝယ်သွက်ခဲ့တယ် လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်မှာ ဈေးဆက်လက်အေးခဲ့ရာ မြေပဲ ဆန်(နီ)မှာ တစ်ပိဿာ ၂၅၂၅ ကျပ်မှ ၂၃၀ဝ ကျပ်၊ မြေပဲ ဆန်ဖြူမှာ တစ်ပိဿာ ကျပ် ၂၃၀ဝ မှ ၂၁၂၅ ကျပ်နဲ့ ဆီဆန်မှာ တစ်ပိဿာ ၁၉၅၀ ကျပ်မှ ၁၈၅၀ ကျပ် အ သီးသီးကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ် ရက်မြေပဲဆန်မျိုးစုံ အိတ် ၅၀ဝ မှ ၇၀ဝ ကြားဖြစ်နိုင်တယ်လို့ လေ့လာသိရှိရပါတယ်

Agency Ministry of Foreign Affairs
Category General