တန်ဖိုးမြှင့်ထုတ်ကုန် မျှစ်ခြောက် ပြုလုပ်ရောင်းချလို့ ဈေးကောင်းရ

ကသာခရိုင် မိုးရာသီထွက်ကုန် မျှစ်များကို အဝယ်ဒိုင်များမှ ကုန်ကြမ်းအလိုက်ဝယ်ယူပြီး မန္တလေး ရွှေဘို၊ မုံရွာ မြို့ကြီးများကို တင်ပို့ ရောင်းချလျက် ရှိပါတယ်။ ကချင်ပြည်နယ်   နယ်စပ် ကျေးရွာများဖြစ်တဲ့ မော်လူးဒေသက ထွက်ရှိတဲ့ မျှစ်များကို မျှစ်အစိုအတိုင်း မရောင်းဘဲ တန်ဖိုးမြှင့်ထုတ်ကုန် မျှစ်ခြောက် ပြုလုပ်ရောင်းချလို့ ပိုမိုအကျိုးအမြတ် ရှိနေတယ်လို့ သိရပါတယ်။
မျှစ်ခြောက်လုပ်ဖို့   အုတ်လိုင်း လုပ်ရပါတယ်။ အုတ်လိုင်းပေါ် သွပ်ပြားတင်၊ သွပ်ပြားအောက်မှာ မီးသွေး သို့မဟုတ် စပါးခွံမီးနဲ့ အပူ ပေးရပါတယ်။ သွပ်ပြားပေါ်  မျှစ်ပြုတ် အမွှာ များတင်ပြီး အခြောက်လှန်း တာ ဖြစ်ပါတယ်။ မျှစ်အစို ၁၀ ပိဿာကို အခြောက် သုံးပိဿာ နီးပါးရ ပါတယ်။ အစို တစ်ဆယ်ပိဿာက ၃၀ဝ၀ ကျပ်၊ မျှစ်ခြောက် တစ်ပိဿာ ၄၅၀ဝကျပ် ရောင်းရလို့   အကျိုးအမြတ်  ပိုမိုရပါ တယ်။ မော်လူးဒေသမှ လုပ်ငန်းရှင် ဆယ်ဦးခန့် တစ်ပိုင်တစ်နိုင် လုပ်ကြတာ ဖြစ်ပါတယ်။    တစ်ရက်ကို ပျမ်းမျှ အခြောက် ငါးပိဿာနီးပါး ပြုလုပ်နိုင်တဲ့အတွက် စုစုပေါင်း ၂၅ ပိဿာ ထုတ်လုပ်နိုင်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါ တယ်။
ဒေသထွက်ကုန်  တန်ဖိုးမြှင့် မျှစ်ခြောက်များကို   မိုးညှင်းအဝယ် ဒိုင်များက ဝယ်ယူလျက်ရှိပြီး အဝယ်ဒိုင် များမှတစ်ဆင့်   အခြားမြို့ကြီး များသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။
 ကြည်နိုင်ဦး (အင်းတော်)

Agency Ministry of Foreign Affairs
Category General