သာပေါင်းမြို့နယ်တွင် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး ပို့ကုန်ဈေးကွက်ဝင် ချဉ်ပေါင်လျှော်စိုက်ပျိုးမှု နည်းပညာပေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပို့ကုန်ဈေးကွက်ဝင် စက်မှုကုန်ကြမ်းသီးနှံ ဂုံလျှော်၊ ချဉ်ပေါင်လျှော်များကို လွန်ခဲ့ သော ၁၄ နှစ်၊ ၁၅ နှစ် ဝန်းကျင်က တိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်ပေါင်း ၂၀ ခန့်တွင် စိုက်ပျိုးခဲ့ပြီး စိုက်ဧက ၂၀ဝ၀ဝ ဝန်းကျင်ရှိခဲ့ရာ ယခင်က လျှော်ထွက်ရှိ ချိန်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာနက အဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူ၍   ပြည်တွင်းသုံး  ဂုန်နီ အိတ်၊ ဂုန်နီကြိုး၊ ဂုန်နီကော်ဇောနှင့်   လျှော် အမျိုးအစားခွဲ၍ ထုပ်ပိုးကာ
ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပါတယ်။
နိုင်ငံတော်မှ လျှော်များ ဝယ်ယူခဲ့ ခြင်းမရှိသည့်    နောက်ပိုင်း စိုက်ဧက လျော့နည်းသွားကာ   ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂၀၁၄ -၂၀၁၅  ခုနှစ် မှာလျှော်စိုက်ဧက ၂၀ဝ၀ ဝန်းကျင်သာ ရှိခဲ့ပြီး  ယခု ၂၀၁၆ -၂၀၁၇ ရာသီမှာ လျှော်စိုက်ဧက   ၁၄၀ဝ   ဝန်းကျင်သာ စိုက်ပျိုးရန် လျာထားထားကြောင်း သိရ ပါတယ်။
၂၀၁၀ ခုနှစ်မတိုင်မီ သာပေါင်း မြို့နယ်မှာ လျှော်စိုက်ဧက ၅၀ဝ၀ ခန့် ရှိခဲ့သော် လည်း ဈေးကွက်ဝယ်လိုအား အရောင်းအဝယ်အေးသွားချိန် စိုက် ပျိုးထုတ်လုပ်သူ အရေအတွက်မှာလည်း လျော့နည်းသွားပြီး ယခုအချိန်တွင် သာပေါင်းမြို့နယ်မှာ စိုက်ဧက ၁၅၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရပါ တယ်။ ယခုအခါ လျှော်ကို ပြည်ပသို့ ပြန်လည် တင်ပို့ရန် သဇင်ဦးကုမ္ပဏီမှ တာဝန်ယူ၍ လျှော်စိုက်တောင်သူများ ကို မျိုးစေ့နဲ့   လိုအပ်သည်များကို ပံ့ပိုး ပေးပြီး တောင်သူများ ဝင်ငွေတိုးပွားလာ စေရေး ဆောင်ရွက်ပေးကာ ယခင်က ကဲ့သို့ ပြန်လည်စိုက်ပျိုးနိုင်ရေးနဲ့ ဂုန် လျှော်တစ်ခေတ် ပြန်လည်ဆန်းသစ်လာ စေရန်  ဆောင်ရွက်လျက်ရှိပါတယ်။ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကလည်း တောင်သူ များအား နည်းပညာပေးပွဲနှင့် မြေသြဇာ ပက်ဖျန်းခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြု လုပ်ရာလျှော်မှာ ပုံမှန်စိုက်ပျိုးလျှင် တစ် ဧက ပိဿာချိန် ၄၀ဝ-၄၅၀ ထွက်ရှိပြီး သိပ္ပံနည်းကျ စိုက်ပျိုးတတ်လျှင် တစ် ဧက ပိဿာချိန် ၅၀ဝ-၇၀ဝ နီးပါးခန့် ထွက်ရှိနိုင်တဲ့အတွက်  တောင်သူများ စနစ်တကျ စိုက်ပျိုးနိုင်ရန်လည်း နည်း ပညာပေး ဆွေးနွေးခဲ့ပါတယ်။
နည်းပညာပေးပွဲတွင် သာပေါင်း မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ်က လည်း ပြည်ပဈေးကွက်ဝင် ချဉ်ပေါင် လျှော်မှ လျှော်မျှင်၊ စက္ကူပျော့ဖတ်၊ ကော်ဇောနဲ့ အခြားလူသုံးကုန်ပစ္စည်း များ ထုတ်လုပ်နိုင်ပြီး ဘေးထွက်ပစ္စည်း များကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ချဉ်ပေါင်လျှော် ပင်သည် လေထုမှ ကာဗွန်ဒိုင် အောက် ဆိုဒ်ကို အခြားအပင်များထက် နှစ်ဆ ပိုမိုစုပ်ယူသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြု သော သီးနှံဖြစ်ကြောင်း၊ သာပေါင်း မြို့နယ်၏ ရေမြေသဘာဝ ရာသီဥတုနဲ့ ကိုက်ညီမှုရှိပြီး တိုင်းအတွင်းအချို့ မြို့နယ်များတွင် လျှော်ကိုမိုးကြိုစိုက်ပျိုး ခြင်းဖြင့် လျှော်၊ စပါး၊ ပဲ တစ်နှစ် နှစ်သီး၊ သုံးသီး စိုက်ပျိုးသည့် တောင်သူများ လည်းရှိပြီး ဆွေးနွေးပွဲကို တက်ရောက် လာသူများမှလည်း အခြားတောင်သူ များ သိရှိနိုင်ရန် ပြန်လည်သတင်းဖြန့်ဝေ ပေးစေလိုကြောင်း၊ ဈေးကွက် စီးပွား ရေးစနစ်နဲ့အညီ ကမ္ဘာ့ဈေးကွက်တွင် ပြည်ပပို့ကုန် အလားအလာရှိသော စက် မှုကုန်ကြမ်းသီးနှံလျှော်များကို တိုးချဲ့ စိုက်ပျိုးထုတ်လုပ်၍ ဒေသခံများရဲ့ အကျိုးစီးပွားနဲ့ တိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နဲ့ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင် ရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်း ရရှိပါတယ်။မင်းမင်းဦး
 

Agency Ministry of Foreign Affairs
Category General