ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဇူလိုင်လအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့မှုကျဆင်းခြင်းကြောင့် ကုန်သွယ်မှုလျော့ကျ
                                                    
                
	ကော့သောင်း ကုန်သွယ်ရေး စခန်းသည် ဇူလိုင်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၈၀ သန်း ဆောင်ရွက်ခဲ့ပါ တယ်။ ယခင်နှစ်ကာလတူအောက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုညဒသမ ၉၅၀ သန်းနဲ့ အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇွန်လအောက် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃၄၆ သန်း ကျဆင်းခဲ့ပါတယ်။
	ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု ပမာဏက အနီး စပ်ဆုံးကာလအောက်ရော ယမန်နှစ် ကာလ တူအောက်ပါ ကျဆင်းရခြင်းမှာ ပို့ကုန်ပစ္စည်းဖြစ်တဲ့ ရေထွက် ကုန် ပစ္စည်း တင်ပို့မှု လျော့နည်းခြင်း၊ ယခုလ တွင် ယခင် ဘဏ္ဍာနှစ်များက တင်ပို့နိုင် ခြင်းမရှိတဲ့ မလိဝမ်ကျေးရွာမှ ရော်ဘာ စိမ်း စတင်တင်ပို့ခဲ့သော်လည်း ငါးသယံ ဇာတ ထိန်းသိမ်းရန်အတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလအတွင်း ငါးဖမ်း လှေများအား  ၄၀ ရာခိုင်နှုန်းသာ ပင်လယ်ပြင်ထွက်ခွာခွင့်ပေးခြင်းကြောင့် ရေထွက်ပစ္စည်းအုပ်စု လျော့နည်းပြီး ပို့ကုန်ပိုင်း လျော့နည်းခြင်း၊ သွင်းကုန် ပိုင်းတွင်လည်း အဓိကသွင်းကုန် ပစ္စည်း ဖြစ်တဲ့ ဘိလပ်မြေက ရခိုင်ဒေသသို့ အများဆုံး တင်ပို့ရာ ရာသီဥတုဆိုးရွား သည့်ကာလများတွင် တင်သွင်းမှု လျော့ နည်းခြင်းကြောင့်ဖြစ်တယ်လို့ ကုန် သွယ်ရေးစခန်းမှ သိရပါ တယ်။
	ကုန်သွယ်မှုကျဆင်းနေခြင်းကို  တိုးတက်လာစေရေးအတွက် ကော့ သောင်းကုန်သွယ်ရေးစခန်း အနေဖြင့် အဓိက ပို့ကုန်ဖြစ်တဲ့ ရေထွက်ပစ္စည်း များ မှန်မှန်ကန်ကန်တင်ပို့ရေး  မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ သွင်းကုန်ပစ္စည်း မှန်မှန် ကန်ကန် တင်သွင်းရေး၊ လစဉ် ကုန် သွယ်မှုမြှင့်တင်ရေး အစည်းအဝေး များတွင် ကုန်သည်  လုပ်ငန်းရှင်များ အား ကုန်သွယ်မှုတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ခြင်း၊ လုပ်ငန်းရှင်များရဲ့ အခက် အခဲများအား အထက်ဌာနများသို့ တင်ပြ၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်းတို့ကြောင့် ဇူလိုင် လတွင် လျာထားချက်အပေါ် ပို့ကုန် တွင် ၄၄ ဒသမ ၂၈ ရာခိုင်နှုန်း၊ သွင်း ကုန်အပေါ် ၆ ဒသမ ၅၇ ရာခိုင်နှုန်း၊ ကုန်သွယ်မှုအပေါ် ၅၅ ဒသမ ၉၂ ရာ ခိုင်နှုန်း ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ် လို့ သတင်းရရှိပါတယ်။
	        ခင်မိုးသူ
                        Agency Ministry of Foreign Affairs
                        
                        Category General