မြေသြဇာ ဆက်တိုက်အဝင်ကောင်း

သြဂုတ် ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၆၉၄၁၃၅ တန်ဖိုးရှိ မြေသြဇာ ၁၆၁၃၉ဒသမ ၃၇၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ နိုက်တြိုဂျင်၊ ယူရီးယား၊  ကွန်ပေါင်း၊ ဖလော်လာ၊ ပိုတက်ဆီယမ်စတဲ့အမျိုးအစားများတင်သွင်းခဲ့ပါတယ်။တင်သွင်းခဲ့တဲ့နိုင်ငံများနဲ့ တန်ချိန်မှာ တရုတ်နိုင်ငံမှ ၁၀၆၀၈ ဒသမ ၅၇၇တန်၊ ဒိန်း မတ်မှ ၉ တန်၊  ဂျာမနီမှ ၅၀၉ဒသမ ဝ၂၂တန်၊မလေးရှားမှ ၂၉၃တန်၊နော်ဝေးမှ ၁၁ ဒသမ ၂၆ တန်၊ ရုရှားမှ ၁၀၄၂ ဒသမ ၃၇တန်၊ ထိုင်းနိုင်ငံမှ ၁၂၁၆ ဒသမ ၁၄၄ တန်နဲ့ ဗီယက်နမ်မှ ၂၄၅၀ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး  ဗီယက်နမ်မှ ဒုတိယအများဆုံးနဲ့ ထိုင်းမှ တတိယအများဆုံးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။   ယခင်သီတင်းပတ်က မြေသြဇာ တန်ချိန် ၂၄၅၀ဝ ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်း မှုနဲ့ယှဉ်ရင် တန်ချိန်၈၃၆၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General