သီလဝါရှယ်ယာဈေးများ အနိမ့်ဆုံးအဖြစ် ကျပ် ၄၁၀ဝ၀ အထိ စံချိန်တင်ကျဆင်း
                                                    
                
	ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကတည်းက ကျဆင်းခဲ့သည့် သီလဝါ ရှယ်ယာဈေးနှုန်းများသည် ယခုတစ် ပတ်တွင်လည်း ဆက်လက်ကျဆင်းခဲ့ရာ  စံချိန်တင်အနိမ့်ဆုံးဈေးအဖြစ် ကျ ဆင်းခဲ့ကြောင်း YSX ၏ ဈေးနှုန်းထုတ် ပြန်ချက်များအရ သိရသည်။
	ဇူလိုင်လ လကုန်ပိုင်းက သီလဝါ အစုရှယ်ယာတစ်စုလျှင် ကျပ် ၄၇၀ဝ၀ သာရှိခဲ့သော်လည်း သြဂုတ်လအတွင်း အတက်အကျ  အနည်းငယ်ဖြင့်သာ ရောင်းဝယ်လျက်ရှိသည်။  သို့သော် ယခုတစ်ပတ်အတွင်းတွင်မူ   ကျပ် ၄၁၀ဝ၀ အထိ အနိမ့်ဆုံးကျဆင်းသွား ခဲ့သည်ဟု ဆိုသည်။
	သီလဝါအစုရှယ်ယာဈေးနှုန်းများ မှာ ဝယ်လိုအားထက် ရောင်းလိုအားက ပိုမိုများပြားနေခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ ခြင်းဖြစ်သည်ဟု ဆိုသည်။
	]]ဈေးကွက်ရဲ့  သဘောအတိုင်း ပါပဲ။ ဒီမှာက ရှယ်ယာရဲ့သဘောကို သိလို့ ဝယ်ရောင်းလုပ်နေကြတာမဟုတ် ဘဲ ဈေးကွက်မှာ ရောင်းလိုအားများ လာရင် ဈေးကျမယ်၊  ဝယ်လိုအားများ လာရင် ဈေးတက်မယ်၊ အခုဒီအတိုင်း ပဲဖြစ်နေတာ။ သီလဝါရှယ်ယာဈေးက ဈေးစဖွင့်တုန်းက ကျပ် လေးသောင်းဆို တော့ အခု ကျသွားတဲ့ဈေးက အဖွင့် ဈေးထက် ကျပ်တစ်သောင်းပဲ ပိုတော့ တယ်။ အမှန်ဖြစ်သင့်တာက ကုမ္ပဏီ ရဲ့အနေအထားကြောင့် ဈေးအတက် အကျဆိုတာ ဖြစ်သင့်တာ။ အခုတော့ ရှယ်ယာဝယ်ထားတဲ့သူတွေရဲ့ ရောင်း လိုအား ဝယ်လိုအားပေါ်မူတည်ပြီးဈေး အတက်အကျဖြစ်နေတာပါ}}ဟု ရှယ် ယာများ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြော ကြားခဲ့သည်။ FMIရှယ်ယာများမှာမူ ကျပ်နှစ်သောင်းဖြင့်   ဈေးငြိမ်ကာ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
	ထို့ပြင် လာမည့် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် သည် ရန်ကုန်စတော့အိတ်ချိန်းတွင် Listed ဝင်သည့်အများပိုင်ကုမ္ပဏီတစ်ခု အဖြစ် ရောက်ရှိလာတော့မည်ဖြစ် ကြောင်း  သိရသည်။  
                        Agency Ministry of Foreign Affairs
                        
                        Category General