ရှမ်းနနွင်း လက်ကျန်နည်းလာသလို ဝယ်လက်ပျောက်နေ
                                                    
                
	ရှမ်းနနွင်းကတော့ ဒီတစ်ပတ်မှာ ဝယ်လက်ပျောက်နေပါတယ်။ အဝင်လည်း မရှိဘူးလို့ သိရပါတယ်။ လက်ကျန်လည်းနည်းပြီး ပိဿာချိန် နှစ်သိန်းခန့်သာ ကျန် ရှိတော့တယ်လို့လည်း သိရပါတယ်။ အရောင်းအဝယ်ကတော့ ပွဲရုံလက်ကျန်တွေ နဲ့သာ ရောင်းဝယ်နေရပါတယ်။ ဝယ်လက်ကြီးတွေ  ရှိတဲ့နေရာတွေမှာ ရေကြီးနေ တာကြောင့် အရောင်းအဝယ်တွေက တန့်သွားတယ်လို့လည်း ဈေးကွက်က သိရ ပါတယ်။
	ယခင်တစ်ပတ်က ဟိုပုံးနနွင်းတွေကို ရန်ကုန်ဝယ်လက်တွေက ဝယ်ယူသွားခဲ့ ပေမယ့် ဒီတစ်ပတ်တော့  အဝယ်မရှိသေးဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က မူဆယ်ဝယ်လက်တွေက  တစိမ့်စိမ့် ဝယ်ယူနေပေမယ့်၊ ဒီနှစ်မှာတော့ မူဆယ်ဝယ် လက်က အဝယ်မရှိတော့ပါဘူး။ ဒါပေမယ့် တောင်ကုတ်၊ စစ်တွေနဲ့ ရန်ကုန်ဝယ် လက်တွေ ဝယ်ယူမှု အနည်းငယ်ရှိလာတယ်လို့ သိရပါတယ်။ နနွင်း အသစ်ကလည်း ပေါ်ဖို့ကလည်း အချိန်လိုပါသေးတယ်။ တစ်လပိုင်း နှစ်လပိုင်းခန့်မှသာ အသစ် တွေဝင်လာမှာ ဖြစ်လို့ အသစ်မပေါ်ခင် အချိန်တွင်းမှာ လက်ကျန်နနွင်းရဲ့ ဖြုန်းအား က ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရမယ်လို့ ဟိုပုံးနနွင်းပွဲရုံပိုင်ရှင်တစ်ဦးက ဆိုပါ တယ်။ ဒီထက် ရောင်းအားကျသွားရင်တော့ နနွင်းတောင်သူတွေက လွန်ခဲ့တဲ့ နှစ် တွေကလို နနွင်း အစား ဈေးကွက်ဝင်သီးနှံတွေကို ပြောင်းစိုက်ရမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ရန်ကုန်ဝယ်လက်တွေက တစ်ပိဿာ ၁၇၅၀ကျပ် ဈေးနဲ့ ပိဿာချိန် တစ်သောင်းခွဲခန့် ဝယ်ယူသွားတယ်လို့လည်း သိရ ပါတယ်။ ဒီတစ်ပတ်လည်း ဟိုပုံးနနွင်းက တစ်ပိဿာ ၁၇၅၀ကျပ် ဈေးနဲ့ ငြိမ်နေ ပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့   နနွင်း   တစ်ပိဿာ ပေါက်ဈေးက တောင်ပို့လစတွေက ၁၇၀ဝကျပ်မှ ၁၈၅၀ကျပ် ဈေးရှိပြီး၊ ဆင်တောင်နနွင်း တစ် ပိဿာ ၂၅၀ဝ ကျပ် ဈေးရှိပါတယ်။                                           ဧခိုင် (တောင်ကြီး)
                        Agency Ministry of Foreign Affairs
                        
                        Category General