ပဲစိတ်ကုန်တဲ့လား
                                                    
                
	ပခုက္ကူကုန်စည်ဒိုင်မှာ အခုတစ်လော အရောင်း အဝယ် အေးနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ အထူး ပြောချင်တာက ပဲစင်းငုံသီးနှံပါ။  ရာသီဥတုကြောင့်  အထွက်နည်းတာရယ် နိုင်ငံခြားက နှစ်စဉ်အဝယ်လိုက် တာတွေကြောင့်   အထင်တကြီးနဲ့ တစ်တင်းကို   ကျပ် ၅၀ဝ၀ဝ  ပတ်လည်ကနေ ကျပ် ၅၂၀ဝ၀-၅၃၀ဝ၀ အထိ ဈေး မြှင့်ပြီးအရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
	ဈေးဆက်တက်မယ်ထင်တာနဲ့ အခုပဲ ကျပ် ၆၀ဝ၀ဝ ဖြစ်မှာလိုလို ကျပ် ၇၀ဝ၀ဝ ဈေးဖြစ်မှာလိုလိုနဲ့ မလွှတ် ဘူး ကိုင်ထားမယ်၊  လှောင်ထားမယ်ဆိုပြီး ရဲရဲဝံ့ဝံ့ လှောင်ခဲ့ ကြတယ်။ ယခုနောက်ပိုင်း  ဖြစ်ပေါ်နေဆဲ ဈေးတွေအရ တစ်တင်းကျပ် ၃၅၃၀ဝ ဈေးနဲ့  အရောင်းအဝယ်ဖြစ်နေ လေတော့ တစ်တင်းအပေါ် ကျပ် ၁၇၀ဝ၀-၁၈၀ဝ၀ အရှုံး ပေါ်နေတာကို လေ့လာတွေ့ရှိရပါတယ်။
	နယ်တွေမှာ စားသုံးသူ   အကာအကွယ်ပေးရေး ဟောပြောပွဲသွားရင်း လေ့လာကြည့်ရသလောက် လာ မည့်နှစ်အတွက် ပဲစင်းငုံတွေဟာ ဒူးဆစ်လောက် ပေါင် လယ်လောက်ဖြစ်နေတာကို လေ့လာတွေ့ရှိနေရပြီး ဒီပုံစံ အတိုင်းဆို စိုက်မိုးလည်းရ အောင်မိုးလည်းရဆိုတဲ့ အနေ အထားမျိုးပါ။
	အညာဒေသမှာကလည်း  အခုတစ်လော  မိုးခဏ ခဏ ရွာနေလေတော့ လာမယ့်နှစ်ပဲစင်းငုံအထွက်ကောင်း မည့်သဘော အနေအထားပါ။ ဒီတော့ ပဲစင်းငုံကိုင်ထား ရသူအဖို့ အခြေအနေသိပ်မကောင်းတဲ့သဘောလိုဖြစ်နေ တာပေါ့။ ကုန်သည်လောကမှာ  ကြားနေရတာ တချို့ လည်းရှိပါတယ်၊ လက်ရှိပေါက်ဈေးထက် လျော့ပြီး အရောင်း အဝယ်လုပ်နေတယ်လို့လည်းကြား နေရပါတယ်။ အခုတစ်လောပဲစင်းငုံကိုင်ထားသူ တွေအနေနဲ့ စိတ်ပျက် တဲ့သဘောနှင့်   ပဲစင်းငုံလို့မခေါ်ဘဲ ပဲစိတ်ကုန်လို့သာ ပြောင်းခေါ်ချင်ကြောင်းကြား သိရပါတယ်-ဘာတဲ့
	]]ပဲစိတ်ကုန်တဲ့လား}}။မြင့်ဦး (ပခုက္ကူ)
                        Agency Ministry of Foreign Affairs
                        
                        Category General