ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေတစ်ကျပ်သားလျှင်အခွန်ငါးရာခိုင်နှုန်းပေးဆောင်ရမည့်ဂယက် ရိုက်ခတ်နေ
                                                    
                ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေတစ်ကျပ်သားလျှင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးဆောင်ရမည်ဟူသည့် သတင်းထုတ်ပြန် ချကေ် ကြာင့် ဈေးကွက်အတွင်း ဂယက်ရိုက်ခတ်မှုများရှိနေကြောင်း သိရသည်။ ရွှေဆိုင်များအနေဖြင့် မူလရွှေရောင်းချသူထံမှ ရွှေဝယ်ယူသည်နှင့် ကုန်သွယ် လုပ်ငန်း ခွန် ငါးရာခိုင်နှုန်းပေးဆောင်ပြီးသော ပြေစာအား တောင်းခံရမည်ဖြစ်သည်။ ရွှေတစ်ကျပ်သားတန်ဖိုး၏ ငါးရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေး ေ ဆာင်ရမည်ဆိုသောကြောင့် ရွှေလုပ်ငန်းရှင်အများစု အခက်ကြုံနေရကြောင်း ရွှေကုန်သည်များထံမှ သိရသည်။ "ကျွန်တော်တို့ ရွှေဝယ်လာတာကြာပါပြီ။ တစ်ခါမှ အခုလိုမျိုး ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းဆောင်ထားတဲ့ ပြေစာဆိုတာမျိုး မမြင်ဖူးပါဘူး။ အခုလို အခွန်ငါးရာခိုင်နှုန်းဆောင်ရမယ်ဆိုရင် ရွှေဈေးက ဒီထက်ပိုပြီး မြင့် တက် သွား ဖို့ပဲ ရှိတယ်။ သူတို့က ကျွန်တော်တို့ဆီကို သူတို့သွင်းရတဲ့ကုန်သွယ်လုပ်ငန်းခွန်အတွက် ငါးရာခိုင်နှုန်းကို တိုးပြီးတောင်းမယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပေးလိုက် ရတဲ့ ငါးရာခိုင်နှုန်းအတွက် နောက်ဆုံးပြည်သူတွေဆီက ထပ်ပြီးကောက်မှာပဲ။ အဲဒီအခါကျတော့ ရွှေဈေးက အခုထက်ပိုပြီးမြင့် တက်လာ မှာပဲ။ အခုတောင်ရွှေဈေး က ရှစ်သိန်းလေးသောင်းကျော်နေလို့ ရွှေဆိုင်တွေမှာ အရောင်းအဝယ်တွေ အေးကုန်တာ။ အခုထက်ပိုပြီး ဈေးမြင့်တက် လာမယ်ဆိုရ င်တော့ ပြည်သူတွေအနေ နဲ့ ရွှေကို မဝယ်မဖြစ်တဲ့အနေအထားလောက်ရောက်မှသာ ဝယ်ကြမယ့်အခြေအနေ ကို ရောက်သွားနိုင်တယ်"ဟု ရွှေကုန်သည် ဦး စံမြင့်က ဆိုသည်။ ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အနည်းငယ်ပြန်လည်ကျ ဆင်းလာခဲ့သော်လည်း အရောင်းအဝယ်များမှာမူ အေးနေဆဲပင်ဖြစေ် ကြာင်း သိ ရသည်။ သြဂုတ် ၈ ရက်က ကျပ် ၈၄၄၅၀ဝ ရှိခဲ့ပြီး သြဂုတ် ၁၀ ရက် တွင် ကျပ် ၈၄၈၀ဝ၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ကျပ် ၈၄၇၀ဝ၀ သို့ လည်းကောင်း၊ သြဂုတ် ၁၂ ရက်တွင် ကျပ် ၈၄၈၅၀ဝ သို့ ဆက်လက်မြင့်တက် ခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General