ဒီတစ်ပတ် နနွင်းတန်ချိန် ၃၈၀ ကျော်တင်ပို့
                                                    
                ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သိီတင်းပတ်အတွင်း နနွင်း ၃၈၂ ဒသမ ၃၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံသို့ ၁၅၈ ဒသမ ၃၃ တန်၊ဘင်္ဂလားဒေ့ရှ်သို့ ၁၁၂ တန် နဲ့ အိန္ဒိယသို့ ၁၁၂ တန်တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူသို့ အများ ဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က နနွင်း ၁၄၈တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် ၂၃၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၉၄၈၈၂ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General