ပြည်ခရိုင် ကြံနှင့် သကြားစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဖွဲ့စည်း
                                                    
                ပြည်ခရိုင် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ဩဂုတ်လ ၈ ရက်က ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်မြို့၌ အောင်မြင်စွာ ဖွဲ့စည်းနိုင် ခေဲ့ ကြာင်း သိရသည်။အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ခေ တ်မီ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံး နိုင်အောင်ဆောင်ရွက်ရန် ၊ စက်ကိရိယာများကို စုပေါင်း ဝယ် ယူအသုံးပြု နိုင်ရန်၊ မှန်ကန်သော အရည်အသွေးရှိသည့် သွင်းအားစုများကို စုပေါင်းဝယ်ယူ သုံးစွဲနိုင်ရန်၊ ငွေကြေးအရင်းအနှီးများ ရရှိအောင် စုပေါင်း ဆောင်ရွ က်နိုင်ရန်နှင့် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများအကျိုးအမြတ်များ ပိုမိုရရှိစေရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။ အသင်းဖွဲ့စည်းခြင်း အခမ်းအနားသို့ မြန် မာနိုင်ငံ သကြားနှင့် ကြံလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစံသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမြင့်လွင်၊ ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည် တော် များ၊ ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများ စုစုပေါင်း ၁၇၁ ဦးတက် ရောက်ခဲ့ကြောင်း သိရပါသည်။အသင်းဖွဲ့စည်းရာတွင် အသင်း ဥက္ကဋ္ဌ အဖြစ် ဦးလှထွန်း ( တောင်ကံ ကလေး-ပေါက်ခေါင်း) ၊ အတွင်းရေးမှူးအဖြစ် ဦးဇော်ဝင်း (ကံကျိုး-ပြည် )၊ဘဏ္ဍာရေးမှူးအဖြစ် ဦးနေအောင် ( ပြန်ချီ တက်-ပေါင်းတည် )၊ စာရင်းစစ်အဖြစ် ဦးအောင်ဝင်း (နတ်တလင်း အုပ်စု-ပေါကေ် ခါင်း)တို့ကို အသင်းသူ အသင်းသားများက မဲစနစ်ဖြင့်ရွေးချယ် တင်မြှောက် ခဲ့ကြောင်း သိရှိရပါသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General