ပြည်ပဲတီစိမ်း အသစ်များ အဝင်ရှိသလောက်အရောင်းသွက်

သြဂုတ်လ ဒုတိယပတ်အတွင်း   ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းအသစ်များ  ဆက်လက်ဝင်ရောက်လျက်ရှိရာ တစ် ရက်လျှင်အိတ် ၄၀ဝ ကျော်အထိ ပဲအဝင် များလာခဲ့တာကို
တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်ကျီးသဲ၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နယ်စုံသလောက် ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသများက အဝင်ရှိသလောက် ဝယ်ယူနေတဲ့
အတွက် အရောင်းအဝယ်  သွက်နေတယ်လို့ ဆိုရမှာဖြစ်ပါ တယ်။ ပဲဈေးနှုန်းကတော့ ပဲပေါ်စ   အဖွင့်ဈေးထက် ဈေး အနည်းငယ်လျော့သွားခဲ့တာကြောင့် တစ်တင်းကျပ် ၂၃၅၀ဝ ဖြင့်သာအရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ပြည်ပဝယ်လို အားရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနဲ့  နှိုင်းယှဉ်လျှင်လည်း ပဲတီစိမ်း ဈေးအေးနေကြောင်း လေ့လာသိရှိရပါတယ်။ခင်ဆွေဝင်;

Agency Ministry of Foreign Affairs
Category General