ကုန်သွယ်ရေးစခန်းများမှရော ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှပါ ယခုတစ်ပတ် ဆန်ပိုမိုတင်ပို့

သြဂုတ်လ ပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၂၄၆ တန် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၅၈၅ တန်နဲ့ ဧည့်မထဆန် တန် ၁၂၀ဝ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစန်းမှ ငစိန်ဆန် ၁၅၄ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၃၀၇ တန် တင်ပို့ခဲ့ပါတယ်။ဇူလိုင်နောက်ဆုံးပတ်က တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၂၉၁၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲပါ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၇၅၀၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၅၂၄ တန် ၊ စုစုပေါင်း ၁၂၇၄ တန် တင်ပို့ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၄ သန်း ဖြစ်ပါတယ်။  ယခင်တစ်ပတ် တင်ပို့မှုထက်  ၄၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၁၈၆၆ တန် တင်ပို့ခဲ့ရာ အီးယူနိုင်ငံများသို့ ပေါင်းဆန်တန် ၆၀ဝနဲ့  ဧည့်မထဆန် ၂၁၆တန် ၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန်၇၅၀ ၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် တန် ၁၀ဝ၀ဝ၊ အစ္စရေးနိုင်ငံသို့  ငစိန်ဆန် ၂၇၅ တန်၊
ရုရှားနိုင်ငံသို့ ပေါင်းဆန် ၁၀ တန်၊ ဧည့်မထဆန် ၁၀ တန်၊ ငစိန်ဆန် ၃ တန်နဲ့ပေါ်ဆန်းဆန် ၂ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။
ယခင် တစ်ပတ်တင်ပို့မှုထက် ၂၃၃တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှု မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၈ သန်းတန်ဖိုးနဲ့ တန်ချိန်၂၄၇၅ တန် ဖြစ်ခဲ့ပါတယ်။ အီးယူနိုင်ငံများသို့ ၁၆၂၅ တန်နဲ့ စင်ကာပူ နိုင်ငံသို့တန် ၈၅၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါက ၃၉၉၆ တန်လျော့နည်းခဲ့ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှသြဂုတ် ၅ ရက်အထိ အမေရိကန်
ဒေါ်လာ ၁၀ဝ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ မြန်မာ့ဆန်မျိုးစုံ တန်ချိန် ၂၈၂၅၃၇ကျော်နဲ့ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၀၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန်၉၉၂၃၆ တင်ပို့ထားပြီး ဖြစ်ပါတယ်။ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General