အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၁၃ ခုခွင့်ပြုပေးခဲ့
                                                    
                
	အစိုးရသစ်လက်ထက်တွင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက် စုစုပေါင်း ၁၃ ခုခွင့်ပြုပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း
	
	၁၂၄ ဒသမ ၁၅၆ ရရှိခဲ့ပြီး အလုပ်အကိုင်စုစုပေါင်း ၉၆၅၁ ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
	အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ကိုးခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၃၄ ဒသမ ၉၀၄ နှင့်
	
	ကျပ်သန်းပေါင်း ၇၉၃၇၈ ဒသမ ၆၅၂ ရရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း ၁၇၅၄ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
	အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြည် ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာ စာအမှတ်(၄၃^၂၀၁၆)ဖြင့် ၂၀၁၆ခုနှစ် ဇွန် ၇ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။
	အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး  အမှတ်စဉ်(၁၂^၂၀၁၆)ကို ဇွန်၂၇ရက်တွင်လည်းကောင်း၊ အစည်းအဝေး အမှတ်စဉ်(၁၃^၂၀၁၆)ကို
	
	ဇူလိုင်၈ ရက်တွင်လည်းကောင်း၊ အစည်းအဝေး အမှတ်(၁၄^၂၀၁၆)ကို ဇူလိုင်လ ၃၁ ရက်တွင်လည်းကောင်း ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြု
	
	ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
	အစည်းအဝေးအမှတ်(၁၂^၂၀၁၆) တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းအရေအတွက် လေးခုခွင့်ပြုပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃
	
	ဒသမ ၁၃၆ နှင့် အလုပ် အကိုင်ပေါင်း ၁၅၆ခုကိုလည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု ခွင့် ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ  အမေရိကန်
	
	ဒေါ်လာသန်းပေါင်း ၁ ဒသမ ၁၇၄၊ ကျပ်သန်းပေါင်း ၁၉၂၄၁ ဒသမ ၁၇၉ နှင့် အလုပ်အကိုင်ပေါင်း ၇၆၈ ခု ကို ဖန်တီးပေးနိုင်ခဲ့သည်။
	အစည်းအဝေးအမှတ်(၁၃^၂၀၁၆) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအရေအတွက် ခုနစ်ခုခွင့်ပြုပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၂
	
	ဒသမ ဝ၁၀ နှင့် အလုပ် အကိုင်ပေါင်း ၇၆၆၉ ခုကိုလည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု ခွင့်ပြုပေးခဲ့ပြီး  ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၁၄၅၀၇
	
	ဒသမ ၇၀၉ နှင့်  အလုပ်အကိုင်ပေါင်း ၄၈၉ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
	အစည်းအဝေးအမှတ် (၁၄^၂၀၁၆)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပ ဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် နှစ်ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ  အမေရိကန်ဒေါ်လာ  သန်းပေါင်း
	
	၂၉ ဒသမ ဝ၁၀နှင့် အလုပ်အကိုင်ပေါင်း  ၁၈၂၆ ခုကိုလည်းကောင်း၊  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှုဥပဒေအရ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု  ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ
	
	အမေရိကန်ဒေါ်လာသန်း ပေါင်း ၃၃ ဒသမ ၇၃၀၊ ကျပ်သန်း ပေါင်း ၄၅၆၂၉ ဒသမ ၇၇၀ နှင့် အလုပ်အကိုင်ပေါင်း ၄၉၇ ခုကို ဖန်တီး ပေးနိုင်ခဲ့သည်။
	ခွင့်ပြုပေးခဲ့သည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၃ ခုတွင် စက်မှုလုပ် ငန်း ခုနစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းသုံးခုနှင့်  အခြားလုပ်ငန်း သုံးခုတို့ကို ခွင့်ပြုပေးခဲ့သည်။
	မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုတွင်  သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်း တစ်ခု၊ စက်မှုလုပ်ငန်း သုံးခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
	
	နှစ်ခု၊ လယ်ယာလုပ်ငန်း တစ် ခုနှင့် အခြားလုပ်ငန်း တစ်ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
	ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသား ဝင်ငွေနှင့်အခွန်တိုးတက်ရရှိနိုင်မှု၊
	
	ပြည်တွင်းပြည်ပဈေးကွက်အခြေအနေ၊ ပြည် တွင်းစားသုံးရန်  လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်း ပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုထိန်းသိမ်း
	
	ကာကွယ်ရေးဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုဖြစ် ခြင်းနှင့် တည်ဆဲဥပဒေများကိုလိုက်နာခြင်းစသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General