ပြည်-ရန်ကုန်အသွားကုန်ရှား၍ ကုန်စည်ပို့ဆောင်ခများလျှော့ချကောက်ခံ

ပြည်-ရန်ကုန် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများတွင် အသွားကုန်ရှားပါး၍  ကုန်စည်ပို့ဆောင်ခများကို  လျှော့ချ ကောက်ခံလျက်ရှိကြောင်း  သိရသည်။ ယခင်က  ပြည်မှ ရန်ကုန်သို့ ကုန်စည်ပို့ဆောင်ခမှာ

တစ်ပိဿာလျှင်ကျပ် ၂၀ ကေက်ခံခဲ့သော်လည်း  ယခုအခါတွင် ၁၅ ကျပ်သာ ကောက်ခံ လျက်ရှိသည်ဟုဆိုသည်။
သို့သော် ရန်ကုန်-ပြည် အပြန်ခရီးစဉ်တွင်မူ  ကုန်ပေါ များ လာသဖြင့် ကုန်စည်ပို့ဆောင်ခများကို တိုးမြှင့် ကောက်ခံ လျက်ရှိရာ ကုန်စည်  တစ်ပိဿာလျှင်  ယခင်က ၂၅ ကျပ် ကောက်ခံခဲ့ရာမှာ  

ယခုအခါတွင်  ကျပ်  ၃၀ သို့ တိုးမြှင့် ကောက်ခံခဲ့ကြောင်းသိရသည်။
ပြည်၊ ပေါင်းတည်၊ နတ္တလင်းနှင့် ကြို့ပင်ကောက်မြို့ နယ်တို့မှ ရန်ကုန်မြို့သို့ ဆန်တင်ပို့ရောင်းချမှုနည်းပါးသကဲ့သို့  မတ်ပဲ ဈေးနှုန်း ကျဆင်း၍ ပဲအရောင်းအဝယ် နည်းနေ သဖြင့်  ကုန်တင်ပို့မှု  

နည်းပါးနေခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်၊ ပေါင်းတည်၊ နတ္တလင်း၊ ကြို့ပင် ကောက်တို့မှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအနေဖြင့် ယခင် ကုန်စည်ပို့ဆောင်နေသည့်  ကားများမှာ ပုံမှန် အတိုင်း မထွက်ရှိနိုင်သဖြင့်  

အပြန်ကားစီးရေမှာ  နည်းပါးသွားရ ကြောင်း၊ ကားစီးရေနည်းပါးသွားသဖြင့်  တင်ပို့မည့် ကုန် ပစ္စည်းများ များပြားနေရခြင်းဖြစ်ကြောင်း ကုန်စည်ပို့ဆောင် သူများ၏  ပြောကြားချက်များအရ သိရသည်။
ထွန်းမင်းထွန်း(ပြည်)

Agency Ministry of Foreign Affairs
Category General