အင်းတော်မြို့ နယ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိသည့်ဆင်း-၃ စပါး မျိုးကောင်းမျိုးသန့်ကို ပြောင်းလဲစိုက်ပျိုးလာ
                                                    
                
	ကသာခရိုင်အင်းတော်မြို့နယ်မှ  တောင်သူများအနေ ဖြင့် ၎င်းင်းတို့အကျိုးအမြတ်ရရှိတဲ့ ဆင်း-၃ စပါး မျိုးကောင်းမျိုး သန့်များကို ပြောင်းလဲစိုက်ပျိုးနေပြီဖြစ်ပါတယ်။
	အင်းတော်မြို့နယ်မှာရှိတဲ့ မိုးစပါးစိုက် ဧကများအနက် ၅၀ ရာခိုင်နှုန်းကျော်က ဆင်း-၃ စပါးများကို စိုက်ပျိုးကြပါတယ်။ ဆင်း-၃ ဆန်ကို ဗန်းမော်မှတစ်ဆင့်  တရုတ်ပြည်သို့ တင်ပို့ ရောင်းချနေတဲ့အတွက်  
	
	  ဈေးကွက်ခိုင်မာမှုရှိတာကြောင့် တောင်သူတွေအများအပြား စိုက်ပျိုးနေကြတာဖြစ်ပါတယ်။
	တိုးတက်ပြောင်းလဲလာတဲ့  ဈေးကွက် လိုအပ်ချက်အရ ဆင်း -၃ မျိုးသန့် စပါးကို စက်ပိုင်ကုန်သည်များက ဈေးကောင်း ပေးဝယ်ကြတဲ့အတွက် တောင်သူများအနေနဲ့ အကျိုးအမြတ်
	
	ပိုမိုရရှိကြတယ်လို့ဆိုပါတယ်။
	အင်းတော်မြို့နယ်မှာ ၂၀၁၆ -၂၀၁၇ မိုးစပါးလျာထား ဧက ၅၄၉၆၈ ရှိပြီး သြဂုတ်လ ပထမပတ်အထိ ၂၁၉၂၇ ဧက စိုက်ပျိုးပြီးဖြစ်ရာ စုစုပေါင်း လျာထားစိုက်ဧကရဲ့ ၄၀ ရာခိုင် နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။
	
	 ယခင်နှစ် ကာလတူက ၁၅၀၇၆ ဧကစိုက်ပျိုးခဲ့ရာ လျာထားစိုက်ဧကရဲ့ ၂၇ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ခဲ့တာကြောင့် ဒီနှစ်မှာတော့ ၁၃ ရာခိုင်နှုန်း ပိုမို စိုက် ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
	မျိုးစပါး ဖြန့်ဝေပေးနိုင်မှုအနေနဲ့ ယခု နှစ်မှာ တောင်သူ နှစ်ရာကျော်ကို မျိုးစပါး ၅၃၇ တင်း ဖြန့်ဝေပေးနိုင်ခဲ့တာကြောင့် ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ပိုမိုဖြန့်ဝေပေး နိုင်ခဲ့ ပါတယ်။ ယခင်နှစ်
	
	မိုးစပါးစိုက်ရာသီက တောင်သူ တစ်ရာကျော်ကို မျိုးစပါးတင်း  ၂၅၀ သာ ဖြန့် ဝေပေးနိုင်ခဲ့ပါတယ်။
	    ကြည်နိုင်ဦး (အင်းတော်)
                        Agency Ministry of Foreign Affairs
                        
                        Category General