တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးကုန်သွယ်ရေးစခန်းနဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၅၉၆၂၀ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၁၀၆၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

စခန်းအလိုက်တင်ပို့မှုမှာ ကန် ပိုက်တီးမှ တန် ၁၀ဝ၀ နဲ့ လွယ်ဂျယ်မှ ၆၃ တန်ဖြစ်ပါတယ်။ ဇူလိုင်လ တစ်လလုံး ကန်ပိုက်တီးကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော တန်ချိန် ၂၈၀ဝ ကျော်နဲ့ လွယ်

ဂျယ်ကုန်သွယ်ရေးမှ တန် ၄၀ဝ နီးပါးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
တစ်သျှူးငှက်ပျောကို ှ့ညေ ့ငည ဃ့က ၊ လွယ်ငူးဆွမ်၊ မြောက်ပိုင်းတော်ဝင်နဲ့ မြန်မာအကယ်ဒမီကုမ္ပဏီများမှ ဝိုင်းမော်ဒေသတစ်ဝိုက်မှာ မြေဝယ်ပြီး ဘိန်းအစား ထိုးသီးနှံအဖြစ်  

လာရောက်စိုက်ပျိုးကြောင်း၊ တစ်ပင်နဲ့တစ်ပင် ခုနစ်ပေခြားပြီး စိုက်ရကြောင်း၊ ငှက်ပျောတစ်ခိုင်ကို အဖီး ၂၅-၃၀ခန့်သီးကြောင်း၊ ငှက်ပျောတစ်ဖီးကို ၂၄ လုံး-၂၅ လုံးပါကြောင်း၊

ကန်ပိုက်တီးကုန်သွယ်ရေးစခန်းမှတစ်ဆင့်  သတင်းရရှိ ပါတယ်။  

Agency Ministry of Foreign Affairs
Category General