ပြောင်းတန်ချိန် တစ်သောင်းကျော် တင်ပို့
                                                    
                
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ  ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၁၆၆
	
	တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၀၃၉၀ တန်၊ လွယ်ဂျယ်မှ ၇၇၉ တန်ကျော်၊ ချင်းရွှေ ဟော်မှ ၁၈၆၂ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၁၃၅ တန်ဖြစ်ပါတယ်။
	
	ယခင်သီတင်းပတ်က ကန်ပိုက်တီးကုန်သွယ်ရေးမှ ပြောင်းတင်ပို့မှုမရှိခဲ့ဘဲ ကျန်စခန်းသုံးခုမှသာ ၇၄၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်စခန်းများမှ ပြောင်း
	
	တန်ချိန်လေးသောင်းခွဲကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
	သယ်ယူစရိတ်မှာ ယခုတစ်ပတ်တွင် တစ်ပိဿာကို  ၅၀-၅၅  ကျပ်ရှိပြီး ကား ဝင်ရောက်မှုမှာ ၄၀၉ စီးဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇူလိုင် ၂၂ ရက်က ပြောင်းတစ်တန်ကို မိမိဘက်ဈေး ၂၈၀၂၆၁
	
	ကျပ်ရှိခဲ့ရာမှ ဇူလိုင် ၂၉ ရက်တွင် ၂၇၁၁၂၇ ကျပ်သို့ ဈေးဆက်လက် လျော့ကျသွားကြောင်း သတင်းရရှိပါတယ်။မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General