မောင်တောကုန်သွယ်ရေးစခန်းမှ ဇူလိုင် ကုန်သွယ်မှုလျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်

မြန်မာ - ဘင်္ဂလားဒေ့ရှ်  နယ်စပ်ရှိ  မောင်တော ကုန် သွယ်ရေး စခန်းမှာ  ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊  သွင်းကုန်  အမေရိကန် ဒေါ်လာ သုညဒသမ ဝ၀၅

သန်း၊  ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု  လျာထားချက်မှာ အမေရိကန်ဒေါ်လာ  သုညဒသမ ၆၀ဝ သန်းဖြစ်၍

လျာထား ချက်အပေါ်   ၈၀ရာခိုင်နှုန်း   ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
မောင်တော  ကုန်သွယ်ရေးစခန်းမှာ  အဓိက တင်ပို့ သော ပို့ကုန်ပစ္စည်းအုပ်စုမှာ  ရေထွက်၊ လယ်ယာထွက်နှင့် သစ်တောထွက်  ပစ္စည်းအုပ်စုများဖြစ်ပြီး၊  အဓိက  သွင်းကုန် အုပ်စုမှာ  လူသုံးကုန်  

ပစ္စည်းအုပ်စုများ ဖြစ်ပါသည်။  ဇူလိုင် တွင် ပို့ကုန်ပစ္စည်းများဖြစ်သော  ချင်းစို၊ ဒညင်းသီး၊ လဲမှို့ (အစေ့ပါ)၊  ငါးနီတူခြောက်၊  ငါးစုံလေးခြောက်၊ ရေငန်ပုဇွန်၊ ငါးသလောက်၊ ဝက်ခြံပျောက်ခရင်မ်၊

ဆီးယိုထုပ်၊ ထွန်းရွှေဝါ၊ သနပ်ခါးခဲများ တင်ပို့ခဲ့ပြီး၊  သွင်းကုန်တွင် ဒန်ရေတကောင်း၊ တီရှပ်၊ ပလတ်စတစ်ပုံး၊ စွပ်ကျယ်ပိတ်စနှင့် လူကြီး၊ကလေးစီး ဖိနပ်များ တင်သွင်းနိုင်ခဲ့ပါသည်။
တင်ပို့မှု  အခြေအနေကို  အနီးစပ်ဆုံး ကာလဖြစ်သည့် ဇွန်လနှင့်  နှိုင်းယှဉ်ပါက  ဇွန်လတွင်  တင်သွင်းနိုင်ခဲ့သော ရေတုံကင် တင်သွင်းနိုင်မှု မရှိခြင်း ၊ ဒန်ရေတကောင်း၊ လူကြီး၊ ကလေးစီး  ဖိနပ်များ

လျော့နည်း  တင်သွင်းခဲ့သဖြင့်  အနီးစပ် ဆုံးကာလထက်  ကုန်သွယ်မှု  အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၀၁ သန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။
ကာလတူဖြစ်သော  ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့်  နှိုင်းယှဉ် ရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ဝ၈၁ သန်း ပိုမိုခဲ့ပြီး ထိုသို့ ပိုမိုရခြင်းမှာ  လဲမှို့ (အစေ့ပါ) ပိုမို တင်ပို့ နိုင်ခဲ့ခြင်း၊

တညင်းသီးကို  အမယ်သစ်အဖြစ် တင်ပို့ နိုင်ခဲ့ခြင်း၊ ရေငန်ပုဇွန်၊  ငါးနီတူခြောက်၊ ငါးစုံလေးခြောက်၊ ငါးသလောက် တို့ ကာလတူထက်  ပိုမိုတင်ပို့ နိုင်ခဲ့ခြင်း၊ ဆီးယိုထုပ်၊ ထွန်းရွှေ ဝါ၊

သနပ်ခါးခဲတို့ကိုလည်း ပိုမို တင်ပို့ နိုင်ခဲ့သည့်အပြင် ကာလ တူတွင် တင်ပို့ နိုင်ခဲ့ခြင်း မရှိသော ဝက်ခြံပျောက်ခရင်မ် တင်ပို့ နိုင်ခဲ့ခြင်းကြောင့်  ကာလတူထက်  ပို့ကုန် ပိုမိုရခြင်း ဖြစ် ပါ သည်။
၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင်  ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရေးအတွက်  အဓိက ပို့ကုန် ရေထွက် ပစ္စည်းများ၊  သစ်တောထွက်ဝါးနှင့်ကြိမ်များ၊  လယ်ယာထွက် ချင်း၊ ကြက်သွန်နီ၊  

ကြက်သွန်ဖြူ၊ လဲမှို့၊ တညင်းသီးများ ပိုမို တင်ပို့နိုင်ရန်  လည်းကောင်း၊ မိမိဒေသရှိ ဒေသဆိုင်ရာ အုပ် ချုပ်ရေး အဖွဲ့များ၊  မိတ်ဖက်ဌာနများ၊  ကုန်သည်လုပ်ငန်းရှင် များ၊ မောင်တောနယ်စပ်  

ကုန်သွယ်ရေး  ကုန်သည်ကြီးများ အသင်း၊ ဥှ ဌာနများနှင့်  ပူးပေါင်း၍  အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မောင်တော ကုန် သွယ်ရေးစခန်းမှ သတင်းရရှိ

ပါသည်။မော်မော်အောင်

Agency Ministry of Foreign Affairs
Category General