ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းခွဲအထိ အမြင့်ဆုံးရောက်ရှိ
                                                    
                
	ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးဈေးအဖြစ် ကျပ် ရှစ်သိန်းခွဲအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ၁၃၆၁ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ စံချိန်တင်ရောက်ရှိခဲ့သည့်ဈေးဖြစ်ခဲ့သည်။
	ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် လိုက်ပါ မြင့်တက်ခဲ့ရသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင်မူ အရောင်းအဝယ်များမှာ အလွန်ပင် နည်းပါးလျက်ရှိသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြည် တွင်းရွှေဈေးသည် ကျပ် ၈၄၀ဝ၀ဝ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ရှစ်သိန်းခွဲအထိ မြင့်တက်ခဲ့သည်။
	]]ပြည်တွင်းရွှေဈေးတွေ မြင့်တက်လာရတာက ကမ္ဘာ့ရွှေဈေးတွေမြင့်တက် လာလို့ပါ။ ကမ္ဘာ့ရွှေဈေးကလည်း လိုက်ပြီးတက်လာတယ်။ ကမ္ဘာ့ရွှေဈေးကတော့ အတက်ဘက်ကို လိုက်လာတယ်။ အမေရိကန်က သူ့ရဲဘဏ်အတိုး နှုန်းကို တိုးမ ပေးနိုင်သေးတဲ့အတွက် ရွှေလောကထဲမှာ ဝင်ပြီးကစားနေတယ်။  အာရှရွှေဈေး ကွက်မှာ ဈေးငြိမ်နေပေမယ့် အမေရိကန်ရွှေဈေးကွက်မှာတော့ တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်။ အဲဒါကြောင့်လည်း အခုလို ကမ္ဘာ့ရွှေဈေးက မြင့်တက်နေရတာပါ}}ဟု ရွှေကုန်သည်တစ်ဦးက သုုံးသပ်ပြခဲ့သည်။
	ပြည်တွင်းရွှေဈေးသည် သြဂုတ် ၁ရက်က ကျပ် ၈၄၄၀ဝ၀ရှိခဲ့ပြီး သြဂုတ်လ ၃ ရက်တွင် ကျပ် ၈၅၀ဝ၀ဝသို့မြင့်တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၅ ရက်တွင် လည်း အဆိုုပါဈေးအတိုင်းရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁ ရက်တွင် ၁၃၄၉ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၄ ရက်တွင် ၁၃၅၇ ဒေါ်လာသို့မြင့်တက်ခဲ့သည်။ သြဂုတ် ၅ ရက်တွင် ၁၃၆၁ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General