ယခင်တစ်ပတ်မှအဆက် Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

(၆) Re-export   လုပ်ငန်းစဉ်ပါ ပြန်လည်ထုပ်ပိုးဆောင်ရွက်မည် ဆိုပါက ပြုပြင်ဆောင်ရွက်မည့်  နေရာ၊ လိပ်စာအပြည့်အစုံ ဖော်ပြပေးရမည်။
(၇)    ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းမပြုပါကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့်  ကုန်ဝယ်သူနိုင်ငံသို့ ပြန်လည် တင်ပို့နိုင်ခြင်းမရှိပါက   မူလကုန်ရောင်းသူ(နိုင်ငံ) ထံသို့ ကုမ္ပဏီအစီအစဉ်ဖြင့်ပြန်လည်တင်ပို့မည်ဖြစ်ကြောင်း ကတိ ဝန်ခံချက်ပါရှိရမည်။
(၈)Re-export   လုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်ပါက တင်သွင်း တင်ပို့ခြင်းဆိုင်ရာ အထောက်အထားများအား ပြန်လည် တင်ပြမည်ဖြစ်ကြောင်း ဝန်ခံချက်။
(၉)    ပထမခွင့်ပြုလိုင်စင်ပါ တန်ချိန်၊ အရေအတွက်အားအမှန်တင်ပို့ ပြီးစီးကြောင်း အထောက်အထားများ တင်ပြစစ်ဆေးပြီးမှသာ နောက်တစ်ကြိမ်Re-export   လိုင်စင်ကို ခွင့်ပြုပေးမည်ဖြစ်ပါ သည်။
(၁၀)Re-export    စနစ်ဖြင့် တင်သွင်းပြီး ပို့ကုန်ပြန်လည်တင်ပို့ တင်ပို့ ရာတွင်LC/TT စနစ်  ဖြင့် ဗဟိုဘဏ်မှသတ်မှတ်  ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရမည်။
Re-export  စနစ်ဖြင့် ခွင့် ပြုရာတွင် မူလလိုင်စင်သက်တမ်းအား သုံးလ ခွင့်ပြုပြီး ပထမအကြိမ်သက်တမ်းတိုး တစ်လ၊ ဒုတိယ အကြိမ်သက်တမ်းတိုး တစ်လ၊ ခွင့်ပြုပါ မည်။(အစားအသောက် နှင့်ဆေးဝါးများအား သက်တမ်းတိုးခွင့်မပြုပါ။) ခွင့်ပြုသက်တမ်း အတွင်း တင်သွင်းတင်ပို့ဆောင်ရွက်နိုင်ခြင်းမရှိသည့်ကုမ္ပဏီ များကို လိုင်စင်သက်တမ်းတိုးခွင့်မပြုဘဲ  သက်တမ်းကုန်လိုင် စင်အား ပြန်လည်အပ်နှံရမည်ဖြစ်သည်။

Re-export  သကြားအတွက် ဘယ်လိုသတ်မှတ်ထားသလဲ
သကြားကိုRe-export   စနစ် ဖြင့် တင်သွင်းတင်ပို့ရာမှာ တန်ချိန် ခွင့် ပြုချက်ကို သတ်မှတ်ထားရှိတဲ့အပြင် တင်ပို့တင်သွင်းရာမှာလည်း သတ်မှတ်ထားတဲ့စည်းကမ်းချက်များအတိုင်း  လိုက်နာရမှာဖြစ်ပါ တယ်။
Re-export    စနစ်နဲ့  သကြားတင်သွင်းမယ့်  ကုမ္ပဏီအနေနဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်(ယခင်ပြီးခဲ့သည့်ဘဏ္ဍာနှစ်) ပို့ကုန်သွင်းကုန် ဆောင်ရွက်ထားရှိသည့် တန်ဖိုးကိုကြည့်၍ ခွင့်ပြုတန်ချိန်သတ်မှတ် ပေးသွားမှာဖြစ်ပါတယ်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်းက ကုန်သွယ်ခဲ့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ တစ်သိန်းအောက်ဖြစ်ပါက ပင်လယ်ရေကြောင်း မှ တန်ချိန် ၁၀ဝ၀၊ နယ်စပ်မှ တန်ချိန် ၅၀ဝတင်ပို့တင်သွင်း  ခွင့်ပြုမည် ဖြစ်သည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်းက ကုန်သွယ်ခဲ့သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ   တစ်သိန်းအထက်ဖြစ်ပါက  ပင်လယ်ရေ ကြောင်းမှ တန်ချိန် ၂၀ဝ၀၊ နယ်စပ်မှ တန်ချိန် ၁၀ဝ၀ တင်သွင်းခွင့်ပြု မှာ ဖြစ်ပါတယ်။
သို့သော်  Re-export    စနစ်ဖြင့် သကြားတင်ပို့တင်သွင်းမည့် ကုမ္ပဏီသည် ကုမ္ပဏီအသစ်ဖြစ်ပါက ယခင်ဘဏ္ဍာ နှစ်အတွင်းက ကုန်သွယ်မှုဆောင်ရွက် ထားခြင်းမရှိသော်လည်းအဆိုပါကုမ္ပဏီတွင် ပါဝင်သည့် ဒါရိုက်တာတစ်ဦးဦး သည် အခြားကုမ္ပဏီတစ်ခုတွင်
ဒါရိုက်တာအဖြစ်ပါဝင်နေပါကအဆိုပါကုမ္ပဏီ မှ ပို့ကုန်သွင်းကုန် ဆောင်ရွက်ထားရှိသည့်   တန်ဖိုးအပေါ်တွင် အထက်ပါအတိုင်း တန်ချိန် သတ်မှတ်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။
ထို့ပြင် ပို့ကုန်သွင်းကုန်လုပ်ငန်း လုံးဝဆောင်ရွက်ထားခြင်း မရှိသေးသည့် ကုမ္ပဏီအသစ်များအတွက်ကိုမူ ပင် လယ်ရေကြောင်းမှ တင်သွင်းပါက တန်ချိန် ၃၀ဝ နှင့် နယ်စပ်မှတင်သွင်း ပါက တန်ချိန် ၁၀ဝ စမ်းသပ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖော်ပြပါမည်။

Agency Ministry of Foreign Affairs
Category General