အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ ဖြိုးရေးဘဏ်လီမိတက် (မြန်မာ)သို့ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုဖွံ့ ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာသန်း ၃၀ ချေးမည်

မြန်မာနိုင်ငံအတွင်းရှိ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များအား ချေးငွေများထောက်ပံ့နိုင်ရန်  ရည်ရွယ်၍ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်  လီမိ တက်SMIDB ကဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ်  ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးဘဏ် (BIDV)  မှ  အမေရိကန်ဒေါ်လာ သန်း ၃၀ ကို    ချေးယူသွားမည်ဖြစ် ကြောင်း၊    အဆိုပါကိစ္စရပ်အတွက် စာချုပ်ချုပ်ဆိုခြင်းကို    ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က  SMIDB  နှင့်BIDVတို့ နှစ်ဦးသဘောတူလက် မှတ်ရေးထိုးခဲ့ကြသည်။
ဗီယက်နမ်   ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ ဖြိုးရေးဘဏ်အနေဖြင့်   အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း  ဖွံ့ဖြိုးရေး ဘဏ်သို့ ပေးချေရမည့်   အတိုးနှုန်းမှာ  တစ်နှစ်လျှင်   ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။BIDVဘဏ်အနေဖြင့် ၎င်းင်း ၏      ပြည်တွင်းလုပ်ငန်းရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားတွင်သာ ယူ၍ချေး ပေးလျက်ရှိသည်။
သို့သော်BIDVအနေဖြင့် ပြည်တွင်းအသေးစားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ ငွေချေး သည့်  အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းဖြစ်သည့်အတွက်    ပြည်ပမှ ဘဏ်များထက်    အတိုးနှုန်းများစွာ သက်သာနေကြောင်းBIDVအနေဖြင့် အတိုးနှုန်းကို    ယခုထက်လျှော့ချပေး မည်ဆိုပါက   ဒေသတွင်းလုပ်ငန်းရှင် များအပေါ်   အတိုးနှုန်းများကိုလျှော့ ချပေးနိုင်မည် ဖြစ်ကြောင်းSMIDBမှ တာဝန်ရှိသူတစ်ဦးက   ပြောကြားခဲ့ သည်။
SMIDBသည် မြန်မာ့စီးပွားရေး ဘဏ်မှလည်း ကျပ်ငွေဘီလီယံ ၃၀ ကို ချေးယူထားကြောင်း သိရသည်

Agency Ministry of Foreign Affairs
Category General