-ပြည်တွင်းသို့ အိန္ဒိယမှ ဂျုံမှုန့်များ တင်သွင်းမှုများလာ
                                                    
                
	ဇူလိုင်တတိယပတ်အတွင်း တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၆၂ သန်း တန်ဖိုးရှိ ဂျုံမှုန့် တန် ၁၃၀ ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် ဇူလိုင်ဒုတိယပတ်ထက်  တန် ၆၀ ကျော် ပိုမို တင်သွင်းတာတွေ့ရပါတယ်။  အိန္ဒိယမှ တင်သွင်းလာတဲ့ ဂျုံမှုန့်များရဲ့ လိုင်စင်ဈေးမှာ တစ်ကီလိုလျှင် ၅၂၈ ကျပ် ဖြစ်ပြီး ှ့မနန မြညေိ ဖြစ်ပါက  တစ်အိတ်လျှင် ၄၅ ကီလိုပါရှိတယ်လို့ ကုန်သွယ် ရေးစခန်းမှ သိရပါတယ်။
	ပြီးခဲ့တဲ့ ဇွန်တစ်လလုံး တမူးကုန်သွယ်ရေးစခန်းမှ ဂျုံမှုန့်တန် ၂၉၀ ကျော် တင် သွင်းခဲ့ပါတယ်။ ယခုဇူလိုင် တတိယပတ်မှာ ဂျုံမှုန့်အပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၄ တန်ဖိုးရှိ ဆိုင်ကယ်၊ တောင်လုံးကျော်၊ စားတော်ပဲ၊ ပဲရာဇာ၊  ဆောင်းမေခါး၊  ချည်ထုပ်၊ စက်ဘီးအပိုပစ္စည်း၊  ဟင်းရိုင်းနီ၊ စက်ဘီးကျွတ်နှင့် တာယာတို့ကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
	ခင်မိုးသူ
                        Agency Ministry of Foreign Affairs
                        
                        Category General