ချင်းရွှေဟော်မှ နှမ်းရောင်စုံပိုမိုတင်ပို့
                                                    
                
	ဇူလိုင် ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ  နှမ်းရောင်စုံ ၁၇၇၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းဖြူ ၈၃၉ တန်ခွဲ၊ နှမ်းနက်တန် ၈၄၀ ကျော်နဲ့ နှမ်းညို  ၉၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းဖြူ^နှမ်းနက် ၁၅၃၄ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ချင်းရွှေဟော်မှ နှမ်းပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။
	ယခင်တစ်ပတ်က  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ နှမ်းနက် ၃၁ တန်ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် မြဝတီမှ နှမ်းတင်ပို့မှု မရှိဘဲ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၃၀ဝ၀ တန်ဖိုးရှိ နှမ်းနက် ၁၀ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ချင်းရွှေဟော်နယ်စပ်မှ ခရီးလမ်းတိုခြင်း၊ ခရီးလမ်းသာခြင်းများကြောင့် နှမ်းတင်ပို့မှုပုံမှန်ရှိခဲ့ပြီး၊ နှမ်းတင်ပို့မှုမရှိတဲ့ မူဆယ်နယ်စပ်ရဲ့ ကုန်စည်ဒိုင်မှာတော့ ဇူလိုင် ၂၂ ရက်နေ့ရဲ့ နှမ်းဖြူတစ်တန်ဈေး ၁၂၀၈၉၇၅ ကျပ်နဲ့  နှမ်းနက်တစ်တန်ဈေး ၂၂၅၂၄၃၅ ကျပ်ရှိတယ်လို့ သတင်းရရှိပါတယ်။                                                                                           
	 
                        Agency Ministry of Foreign Affairs
                        
                        Category General