သီလဝါရှယ်ယာဈေးသာမက ရောင်းချရသည့်အရေအတွက်ပါ ဆက်လက်ကျဆင်း၊ အနိမ့်ဆုံးသတ်မှတ်သည့်နှုန်းထားသို့ ရောက်ရှိ
                                                    
                
	ယခုတစ်ပတ်အတွင်း  သီလဝါ ရှယ်ယာဈေးနှုန်းများသာမက ရောင်းချ ရသည့် အရေအတွက်ပါ ကျဆင်းလာခဲ့ ကြောင်း သိရသည်။
	ရှယ်ယာအမြတ်ရရှိရန် ရှယ်ယာ များကို  အရောင်းအဝယ်လုပ်ရန်သတ် မှတ်ထားသည့်ရက်   ကျော်လွန်သွား သဖြင့်MTSH၏ရှယ်ယာဈေးနှုန်းများ နှင့် အရောင်းအဝယ်ပါ  ကျဆင်းသွားခဲ့ ကြောင်း  ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
	အဆိုပါ  MTSHကုမ္ပဏီ၏
	အမြတ်ခွဲဝေရရှိမှုစာရင်းတွင်ပါဝင်နိုင် ရန် ရှယ်ယာအရောင်းအဝယ်  ပြုလုပ် မည့်ရက်ကို ဇူလိုင်၂၇ ရက်ဟု  သတ် မှတ်ထားရာ အဆိုပါရက် ကျော်လွန် သွားသည့်အချိန်တွင်  ရှယ်ယာဈေး နှုန်းရော၊ အရောင်းအဝယ်ပါ ကျဆင်း သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
	ယင်းနောက်ဆုံးရက် ဇူလိုင်လ ၂၆ ရက်MTSH ရှယ်ယာများ၏ဈေးနှုန်းများသည် ကျပ် ၅၁၀ဝ၀ အထိ မြင့်တက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှု ရှယ်ယာအရေအတွက်မှာ တစ်သောင်း ကျော်အထိရှိခဲ့ကြောင်း သိရသည်။
	သို့သော်  ဇူလိုင်၂၇ ရက် တွင်မူ ကျပ်၄၈၀ဝ၀သို့ ကျဆင်းခဲ့သည့်အပြင် အရောင်းအဝယ်ဖြစ်သည့်    ရှယ်ယာ အရေအတွက်မှာလည်း  ကျဆင်းခဲ့ ကြောင်းသိရသည်။
	]]ရှယ်ယာ  ဈေးကွက်မှာက  ရှယ် ယာရဲ့  သဘောကို  သေသေချာချာ နားမလည် ကြသေးတော့  ဈေးနည်း နည်းတက်လာရင် ရောင်းမယ်၊ ဈေး ပြန်ကျသွားရင် ပြန်ဝယ်မယ်၊  အဲဒီလို လူမျိုးတွေက များ နေတယ်။ အမြတ်ရ တာနဲ့ပြန်ရောင်း  ပြန်ဝယ်လုပ်နေတဲ့ အတွက် သာမန်  အရောင်းအဝယ်လုပ် တဲ့ပုံစံမျိုးပဲရှိနေသေးတယ်။ ဒါကလည်း ရှယ်ယာမှာListed  ဖြစ်တဲ့ ကုမ္ပဏီ အရေအတွက်က နည်းနေသေး တော့ ရွေးချယ်စရာသိပ် မရှိလို့ပါ}}ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
	FMI ရှယ်ယာဈေးနှုန်းမှာအတက်  အကျအနည်းငယ်ဖြင့်   ပုံမှန်အရေ အတွက်အတိုင်းသာ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General