ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်လာ

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေ ဈေးပါ လိုက်ပါမြင့်တက်ခဲ့ရကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၃၃၅ ဒေါ်လာအထိမြင့် တက်လာ သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၄၁၀ဝ၀ သို့  မြင့်တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည် တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့သဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်များပါးလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်းအရောင်းအဝယ် များပါးနေသဖြင့် ပြည်တွင်းရွှေဈေး ပြန် လည်ကျဆင်းရန် မျှော်လင့်နေကြသည်ဟုဆိုသည်။ သို့သော် သြဂုတ်လဆန်းပိုင်း တွင် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်မည်ဟု ဆိုထားခြင်းကြောင့် ယင်းထုတ်ပြန်ချက်ကိုစောင့်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို မြှင့်တင်သတ်မှတ်လိုက်ပါက ဈေး ကွက်အခြေအနေမှာ တစ်မျိုးပြောင်းသွားနိုင်ကြောင်း ရွှေဈေးကွက်အတွင်း သုံး သပ်လျက်ရှိသည်။ ပြည်တွင်းရွှေဈေးကွက်တွင် ဇူလိုင်  ၂၅ ရက်က ကျပ် ၈၃၄၀ဝ၀ ရှိခဲ့ပြီး ဇူလိုင် ၂၈ ရက်တွင် ကျပ် ၈၄၁၅၀ဝ သို့ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၅ ရက်တွင် ၁၃၁၆ ဒေါ်လာရှိခဲ့ရာမှ ဇူလိုင် ၂၈ ရက်တွင် ၁၃၄၀ ဒေါ်လာ သို့မြင့်တက်ခဲ့သည်။                                             
 

Agency Ministry of Foreign Affairs
Category General