ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ချင်းတန် ၄၀ဝ ကျော်တင်ပို့
                                                    
                
	မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောကုန်သွယ်ရေးစခန်း များမှ ဇူလိုင်တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၈၄၈၅ တန်ဖိုးရှိ ချင်းစို ၄၅၃ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်  တင်ပို့ခဲ့တာကတော့ စစ်တွေမှရှစ်တန်နဲ့ မောင်တောမှ ၄၄၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က မောင်တောမှ ချင်းအပို့ မရှိဘဲ စစ်တွေမှ ၂၃ တန်တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်း စစ်တွေမှ ချင်းစို ၅၁ တန် အထိတင်ပို့ခဲ့ပြီး မောင်တောမှ ဇွန်လတွင်ချင်းတင်ပို့မှုမရှိခဲ့ပါ။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General