-မုံရွာကုန်စည်ဒိုင်ဇူလိုင် စတုတ္ထပတ်ပဲဈေးကွက်ငုံနီဈေးဆက်လက်ကျဆင်းလာ

မုံရွာကုန်စည်ဒိုင်ရဲ့    ဇူလိုင်
စတုတ္ထပတ်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ၊ ပဲတီစိမ်းနဲ့မတ်ပဲတို့ ဈေးငြိမ်နေ ပေမယ့် ငုံနီကတော့ တစ်တင်းကျပ် ၄၂၀ဝ၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ် ခဲ့တာတွေ့ ရပါတယ်။ ပေါက်ဈေးအရ   ဝယ်လက် နှစ်သက်ဖွယ်ဖြစ်ခဲ့ပေမယ့်   ရောင်းလို အားရှားတဲ့အတွက်   တစ်ရက် အိတ် ၃၀ဝ၊ ၄၀ဝ ဝန်းကျင်သာ      အရောင်းအဝယ် ဖြစ်နိုင်တယ်လို့   ဈေးကွက်မှ သိရပါတယ်။
ကုလားပဲဈေးကွက်ကတော့ ယခု တစ်ပတ်မှာလည်း အမြင့်ဈေးမှာ ငြိမ် ခဲ့ ကာ v2  တစ်တင်း   ကျပ် ၄၂၄၀ဝ၊ ထိုင်ဝမ်တစ်တင်း ကျပ် ၄၀၇၀ဝ နဲ့ ၉၂၉ တစ်တင်း  ကျပ် ၄၀၂၀ဝ အသီးသီး ပေါက်ဈေးဖြစ်ခဲ့ပြီး    ပဲမျိုးစုံတစ်ရက် အိတ် ၄၀ဝ ခန့်   အရောင်းအဝယ်ဖြစ် နိုင်တယ်လို့ သိရပါတယ်။   စိမ်းကြီး ဈေးကွက်မှာလည်း   နယ်အဝင်နဲ့ ဝယ် လက်မျှနေပေမယ့်    ယခုတစ်ပတ်မှာ တစ်တင်း  ကျပ် ၂၇၅၀ဝ အထိအမြင့် ဈေးပေါက်ခဲ့ပြီး တစ်ရက်အိတ် ၃၀ဝ၊ ၄၀ဝ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ် လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ်မတ်ပဲဈေးကွက်ကတော့ နယ်အဝင်နည်းပေမယ့်   ဝယ်လိုအားနဲ့ မျှနေလို့   ယခုတစ်ပတ်မှာ   မတ်ပဲ (အသစ်) ကျပ် ၄၉၀ဝ၀၊   အဟောင်း တစ်တင်း ကျပ် ၅၂၀ဝ၀ နဲ့ ဈေးငြိမ်ခဲ့ပြီး တစ်ရက်အိတ် ၂၀ဝ ခန့်    အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ တဲ့  ကျန်ပြည်တွင်းသုံးလက်လီပဲဈေး တွေအနေနဲ့ တစ်တင်း ကျပ် ၂၀ဝ မှ ကျပ် ၅၀ဝ ကြား အတက်^အကျ   ရှိနေ ခဲ့ရာ စွန်တာနီတစ်တင်းကျပ် ၁၄၅၀ဝ၊ ကျပ် ၁၅၀ဝ၀၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၁၅၀ဝ၊ ပဲကြီး  တစ်တင်း(ကြီး) ကျပ် ၂၆၀ဝ၀၊ (သေး) ကျပ် ၂၂၅၀ဝ၊  ပဲနီ လုံးကြား ကျပ် ၁၅၃၀ဝ၊   ပဲပုပ်စေ့ တစ်တင်း  ကျပ် ၁၇၅၀ဝ၊  ပဲယင်းဝါ  ကျပ် ၁၅၅၀ဝ၊ ပုဂံပဲတစ်တင်း ကျပ် ၁၇၅၀ဝနဲ့ မြေထောက်ပဲတစ်တင်း ကျပ် ၁၉၀ဝ၀၊ ကျပ် ၁၈၀ဝ၀ အသီးသီး ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး၊ ပဲတစ်မျိုး အိတ် ၁၀ဝ မှ ၂၀ဝ ကြား     ပုံမှန်အရောင်း အဝယ်ဖြစ်နေ တယ်လို့ မုံရွာကုန်စည် ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General