မြေသြဇာဈေးကွက် အရောင်းအေး

ဇူလိုင်၁၀ရက်မှ၁၆ရက်သီတင်းပတ်အတွင်း ပြည်တွင်းကိုရေလမ်းမှ မြေသြဇာ၁၄၄၈၄တန်ကျော်အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ၁၅၇၃၅တန်ဝင်ခဲ့ တာ ကြောင့် ဒီတစ်ပတ်မှာတန်ချိန်၁၂၅၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ၂၄၄၅၈တန်ကျော်ရှိခဲ့ပြီး၊ယခင် တစ်ပတ် အဝင်မှာ၃၇၄၆၄တန်ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာတန်ချိန်၁၃၀ဝ၀ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ် လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့မန္တလေး၊ မော်လမြိုင်၊မကွေးနဲ့ တောင်ကြီး မှာ ဈေးနည်းနည်းကျလာ တယ်လို့သိ ရပါ တယ်။မော်လမြိုင်ဈေးကွက်မှာမြေသြဇာကဒီတစ်ပတ်မှာအရောင်းအေးသလိုဈေးလည်းငြိမ်နေတယ်လို့သိရပါတယ်။ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ တဲ့ ဈေး မှာပုလဲအသေး၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၁၀ဝ၀ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်လည် (ထိုင်း) ၃၅၀ဝ၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ ပတ်လည် (ထိုင်း) ၂၉၅၀ဝ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၁၀ဝ၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာအရောင်းအေးသလို မြေသြဇာများက ယခင်တစ် ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ် လို့ သိရပါတယ်။ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)(ပန်းဖူး-တရုတ်) (ရွှေတောင်) ၂၀ဝ၀ဝ ကျပ်၊ တီစူပါ၂၀%(တရုတ်)၁၂၆၀ဝ ကျပ်၊ပိုးသတ်ဆေး ၁၉၀ဝကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်)၃၇၅၀ဝကျပ်၊ တီစူပါ၁၀း၁၀း၅ (တရုတ်) ၁၅၂၀ဝကျပ်၊ ဓာတ်ဆား(တရုတ်) ၁၅၅၀ဝ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀ဝ ကျပ်၊ ယူရီးယား (ယူအေအီး)၁၉၀ဝ၀ ကျပ်၊ မြားကမ္ဘာ ၁၆၀ဝ၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာများက ဈေးအနည်းငယ်ကျပြီး အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။ မြားကမ္ဘာ၁၂း၁၃ နဲ့ ဆင် ၁၀း၁၀း၅ က၆၀ဝ ကျပ်၊ အာမို၁၅ ပတ်လည်က ၁၅၀ဝ ကျပ်၊ အာမို၁၆း၁၆း၈ က ၅၀ဝ ကျပ်၊ ယူရီးယား(ပန်းဖူး)က၆၀ဝ ကျပ်၊ ယူရီးယား (ရွှေတောင်) က ၉၀ဝကျပ်၊တီစူပါက၁၇၀ဝကျပ်နဲ့တောင်သူမက ၈၀ဝကျပ်ဈေးကျလာခဲ့တယ်လို့ သိရပါတယ်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးမှာ မြားကမ္ဘာ -တရုတ်၁၂း၁၃ ၁၅၈၀ဝကျပ်၊ဆင်၁၀း၁၀း၅ ၁၅၃၀ဝကျပ်၊သီးစုံ (ဝါစိမ်းပြာ) ၁၅၂၀ဝ ကျပ်၊ အာမို ၁၅ ပတ်လည် ၃၇၀ဝ၀ ကျပ်၊ အာမို ၁၆း၁၆း၈က ၃၅၀ဝ၀ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၁၉၂၀ဝကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၈၉၀ဝကျပ်၊ ယူရီးယား ၁၈၀ဝ၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅က ၁၈၀ဝ၀ ကျပ်၊တီစူပါ ၂၀၅၀ဝ ကျပ်နဲ့တောင်သူမ ၁၅၀ဝ၀ ကျပ်၊ဇာမဏီ၁၇၆၀ဝကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှစုံ စမ်းသိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာအရောင်းအဝယ်အေးသလိုဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲအရောင်း အဝယ်ဖြစ်နေ တဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်)၁၈၄၀ဝ ကျပ်၊ယူရီးယား(ပန်းဖူး-တရုတ်)၁၉၀ဝ၀ ကျပ်၊တီစူပါ(၄၆%-တရုတ်)၁၉၃၀ဝကျပ်၊ မြားသီးစုံ ၁၃၈၀ဝကျပ် ၊ ပန်းသီးစုံ ၁၄၂၀ဝ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General