ထိုင်းနယ်စပ်မှဇူလိုင် ဒုတိယပတ်အတွင်း ရေထွက်ကုန် ပစ္စည်းတန်ချိန် ၂၀ဝ၀ ကျော်တင်ပို့

မန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်ဒုတိယပတ်အတွင်းအမေရိကန်ဒေါ်လာ၈ဒသမ၄၉၃သန်းတန်ဖိုးရှိ ရေထွက် ကုန် ပစ္စည်း မျိုးစုံ ၂၀၁၅တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားရှိတဲ့ရေထွက်ကုန်ပစ္စည်းများကို မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၅၉ သန်းတန်ဖိုးရှိငါးမျိုးစုံ ၅၁တန်၊အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၇ သန်းတန်ဖိုး ရှိ ပုစွန်နှစ်တန်ကိုလည်းကောင်း၊ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာသုညဒသမဝ၈၇သန်းတန်ဖိုးရှိငါး မျိုးစုံ ၁၂၁ တန်၊အမေရိကန်ဒေါ်လာ သုညဒသမဝ၀၇သန်းတန်ဖိုးရှိပုစွန်၁တန်၊အမေရိကန်ဒေါ်လာသုညဒသမဝ၀၄သန်းတန်ဖိုးရှိ ကင်းမွန်နှစ်တန်ကိုလည်းကောင်း တင်ပို့ခဲ့ပါတယ်။မြိတ်ကုန် သွယ်ရေး စခန်းမှလည်း ငါးမျိုးစုံ၊ အေးခဲပုစွန်၊ အေးခဲကဏန်းပျော့၊ ငါးမှုန့်၊ ရေငန်ပုစွန်၊ ငါးခြောက်၊ ပုစွန်ခြောက်နဲ့ ကင်းမွန်တို့ကို တန်ချိန်ပေါင်း ၁၈၂၂ တန် တင်ပို့ ခဲ့ တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General