Re - Exportနဲ့ ဘယ်လိုကုန်သွယ်ကြမလဲ

အခုခေတ်ကာလကုန်သွယ်မှုလောကတစ်ခွင်မှာကြားနေရတဲ့စကားတစ်ခွန်းကတော့Re-exportစနစ်နဲ့ကုန်သွယ်မှုပြုခြင်းပါ။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှေု လာ ကတစ်နည်းအားဖြင့်မြန်မာ့ကုန်သည်လောကမှာRe-export စနစ်ပေါ်ထွန်းလာတာသိပ်မကြာသေးတော့ကုန်သည်တော်တော်များများ သာမက ပြည် သူတွေ ပါ ဒီစနစ်နဲ့ အကျွမ်းတဝင် မဖြစ်ကြသေး။Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုမယ်ဆိုရင် ျွန-နထစသမအ စနစ်ရဲ့လုပ်ထုံးလုပ်နည်းတွေ၊Re-export စနစ်မှာဘယ်လိုကုန်ပစ္စည်းတွေကိုကုန်သွယ်မှုပြုနေသလဲ။ နိုင်ငံတော်ကရော ဘယ်လောက်အတိုင်းအတာအထိခွင့်ပြုထားသလဲ။ စတဲ့စတဲ့အခြေခံ အချက်တွေ ကို သိထားဖို့ လိုအပ်လှပါတယ်။Re-export စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီရဲ့ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၂၉ရက်မှာကျင်းပတဲ့ (၆/၂၀၁၆)အစည်းအဝေးမှာအတည်ပြုပေးခဲ့ပါတယ်။အဲဒီအတည်ပြုချက်အရ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက်၊ ရက်စွဲပါ ရုံးတွင်းညွှန်ကြားစာ အမှတ် (၁^၂၀၁၆)နဲ့ ၂၀၁၆ ခုနှစ် မတ်လ ၁ရက်မှစတင်ကာRe-exportစနစ်ကိုစတင် ကျင့်သုံး ခွင့်ပြုကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီကြေညာချက်အရ ကွမ်းသီး၊ သကြားနဲ့ စက်သုံးဆီတို့ ကRe-export စနစ်နဲ့ တင်ပို့တင်သွင်း ခွင့် ပြုပေး ခဲ့ ပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီရဲ့ ၂၀၁၆ခုနှစ် ဇွန်လ ၁၇ ရက်မှာ ကျင်းပ တဲ့(၉/၂၀၁၆) အစည်းအဝေးကနေ နောက်ထပ် ကုန်ပစ္စည်း အမယ် ၁၄ မျိုးကRe-export စနစ်နဲ့ ကုန်သွယ်မှုပြုရေးအတွက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီကုန်ပစ္စည်း အမယ်တွေကတော့ ကားတာယာ၊ နှမ်း (နှမ်းဖြူ၊ နှမ်း နက်)၊ ငြုပ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ် စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ် အထည်၊ စားသုံးဆီနဲ့ ကြက်သွန်ဖြူတို့ပဲ ဖြစ်ပါတယ်။ ထပ်မံခွင့်ပြုခဲ့တဲ့ ကုန်ပစ္စည်းအမယ်များအနက် ကား တာယာကိုတော့ ပြည်တွင်းရော်ဘာမထွက်ရှိမီ စမ်းသပ်ကာလ သုံးလခွင့်ပြုထားတာဖြစ်ပါတယ်။ အဲဒီ သုံးလအတွင်းမှာ အမှန် တကယ် လုပ်ငန်းဆောင်ရွက်နိုင်မှု ပမာဏအပေါ် မူတည်သုံး သပ်၍ ဆက်လက်ခွင့်ပြုပေး သွားမှာဖြစ်ပါတယ်။ Re-export စနစ်ဆိုတာ ဘာလဲ။ Re-export စနစ်ဆိုတာ ပြည်ပမှ ကုန်ပစ္စည်းများကို တင်သွင်း၍ မူလအတိုင်း ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ မူလ ပင်ရင်းနိုင်ငံ မပြောင်းလဲစေဘဲ ပြုပြင်ထုတ်လုပ်ပြီး အခြား တစ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဘယ်လိုကုန်သွယ်မှုလမ်းကြောင်းတွေကနေ ကုန်သွယ်မှုပြုမလဲ။ Re-export စနစ်နဲ့ ကုန်သွယ်ရာမှာ လမ်းကြောင်း သုံးခုနဲ့ တင်ပို့တင်သွင်း နိုင်ကြပါတယ်။ အဲဒီလမ်းကြောင်း သုံးခုကတော့- (၁) ပင်လယ်ရေကြောင်းမှ တင်သွင်းပြီး နယ်စပ်စခန်း များမှ ပြန်လည် တင်ပို့ ခြင်း၊ (၂) နယ်စပ်စခန်းများမှတင်သွင်းပြီး နယ်စပ်စခန်းများမှ ပြန်လည်တင်ပို့ခြင်း၊ (၃) နယ်စပ်စခန်းများမှတင်သွင်းပြီး ပင်လယ်ရေကြောင်း မှ ပြန်လည်တင်ပို့ခြင်းတို့ပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ရန် နည်းလမ်းများ Re-export စနစ်နဲ့ကုန်သွယ်ရာမှာ မြန်မာနိုင်ငံသား ကုမ္ပဏီများကိုသာ ခွင့်ပြုပေးထားပါတယ်။ မြန်မာနိုင်ငံသား ကုမ္ပဏီတွေဟာRe-exportစနစ်နဲ့ ကုန်သွယ်ဖို့ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်မှုပြုနိုင်ရန်အတွက် မှတ်ပုံတင် ကတ်ပြားပြုလုပ်ရမှာ ဖြစ်ပါတယ်။အဲဒီမှတ်ပုံတင်ကတ်ပြားကို တော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှာ ပြုလုပ်ရမှာဖြစ်ပါတယ်။ Re-export မှတ်ပုံတင်ကတ် လျှောက်ထားရာမှာတင်ပြရ မယ့် စာရွက်စာတမ်းတွေကတော့ - (၁) ကုမ္ပဏီLetter Head ဖြင့် လျှောက်လွှာ၊ (၂) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာနမှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မူရင်း/မိတ္တူ)၊ (၃) ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပေးသော ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(မူရင်း/မိတ္တူ) (၄) ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာစာရင်း (Form VI)) (မူရင်း/မိတ္တူ) (၅) ဒါရိုက်တာအဖွဲ့ဝင်အမည် စာရင်း (Form XXVI)(မူရင်း/မိတ္တူ) (၆) သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်းစာအုပ် (မူရင်း/မိတ္တူ) (၇) ပစ္စည်းများ တစ်ဆင့်ခံသို လှောင်ရန်အတွကWarehouse အမှန်တကယ်ရှိကြောင်း တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်း လိုင်စင်(Warehouse တည်နေရာ၊ အမျိုးအစား၊ အကျယ်အဝန်း၊ ဓာတ်ပုံအထောက်အထားများနှင့် တကွ တင်ပြရန်) (၈) ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ် ထားသည့် ဘဏ်စာရင်းစာအုပ် (မူရင်း/မိတ္တူ) Re-export စနစ်အတွက် ပေးသွင်းရမယ့် အခကြေးငွေများ Re-export အ စနစ်နဲ့ကုန်သွယ်မှု ပြုရာမှာ ပေးသွင်းရမယ့် အခကြေးငွေ များကို နိုင်ငံတော်က တရားဝင်သတ် မှတ်ပေးထား ပါတယ်။ အဲဒီအခကြေး ငွေတွေကို ကုန်သွယ်ရေးဦးစီးဌာနရဲ့ ငွေစာရင်းကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။
Page » 1    

Agency Ministry of Foreign Affairs
Category General