တရုတ်နဲ့ ထိုင်းနိုင်ငံသို့ ကြက်သွန်နီ/ ကြက်သွန်ဖြူတင်ပို့

မြန်မာ-တရုတ်  နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဇူလိုင်   ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၇၅၀ တန်ဖိုးရှိ  ကြက်သွန်နီတန်ချိန် ၁၈၅၀ နဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၆၆၃၈၇ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၂၀ဝ ကျော် တင်ပို့ ခဲ့သလို  တာချီလိတ်   ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၄၈၀ဝ၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန်ချိန် ၁၀ဝ ကို တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က   မူဆယ်၊မြဝတီနဲ့  တာချီလိတ်မှ ကြက်သွန်နီ တန်ချိန် ၁၂၉၉ တန်နဲ့ တာချီလိတ် စခန်း မှပုံမှန် တင်ပို့နေကျ ကြက်သွန်ဖြူတန်ချိန်၁၂၀ ကို တင်ပို့ခဲ့လို့ ယခု တစ်ပတ်ကြက်သွန်နီတင်ပို့မှုတွင်  မူဆယ်မှ ပိုမိုတင်ပို့ လာ ခဲ့တာတွေ့ရပါတယ်။
မူဆယ် ကုန်စည်ဒိုင်တွင် ဇွန် ၈ ရက်က ကြက်သွန် တစ် တန်ကို ၃၆၉၈၀ဝ ကျပ်ရှိရာမှ ဇွန် ၁၅ ရက်နေ့တွင် ၃၆၇၅၀ဝ ကျပ်သို့ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မြဝတီကုန် စည်ဒိုင်မှာတော့ (၂၅ မီလီမီတာ-၃၅ မီလီမီတာ ) တစ်တန်ကို ၃၈၇၅၃၁ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

မော်မော်အောင်

Agency Ministry of Foreign Affairs
Category General