အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်အေးနေ

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ   ချင်း(ဥမ)တွေက ယခင်တစ်ပတ် ကလောက် အဝင်မရှိပေမယ့် ပုံမှန်ဝင်နေပါတယ်။ ဒီတစ်ပတ်မှာ မိုးများသလို ဝါတွင်းကာလ ပိတ်ရက်များကြောင့် အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။
တောင်သူအချို့မှာလည်း ဘုန်းကြီးကျောင်းတက်၊ ဥပုသ်သီလဆောက်တည် မှုတွေလုပ်နေကြတာကြောင့် ဒီတစ်ပတ် အောင်ပန်းသီးနှံဈေးကွက်မှာ  ငြိမ်နေပါ တယ်။ ဒီတစ်ပတ်မှာ လက်ကြီးသမားတွေထက် ဈေးပတ်သမားများသာ ဝယ်ယူမှုရှိ နေပါတယ်။ တစ်ပတ်အတွင်းပိဿာချိန် ၁၅၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရ ပါတယ်။ ချင်းပေါက်ဈေးကတော့ (ဥမ) တစ်ပိဿာကို ကျပ် ၃၀ဝ ဈေးရှိတယ် လို့ သိရှိရပါတယ်။
ဟိုပုန်းဈေးကွက်မှာ ဟိုပုံးဒေသအနီးတစ်ဝိုက်မှ ထွက်တဲ့ချင်း(ဥမ) တွေအဝင် ရှိနေပါတယ်။ အရောင်းအဝယ်ကတော့   ပုံမှန်ရှိနေပါတယ်။   ယခင်တစ်ပတ်က                အနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ မိုးများတာကြောင့် ယခင်တစ်ပတ်ကလောက်တော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာကို ကျပ် ၂၅၀ ဈေးရှိတယ်လို့ သိရှိရပါတယ်။                      
               

Agency Ministry of Foreign Affairs
Category General