ဟိုပုံးနနွင်းဈေးကွက်မှာ ပစ္စည်းလက်ကျန်များနေလို့ ဝယ်လက်ကို ထိုင်စောင့်နေရ

ဒီတစ်ပတ် နနွင်းဈေးကွက်အရောင်းအေးနေသလို ပစ္စည်းအဝင်လည်းနည်း နေပြီလို့ သိရှိရပါတယ်။ ပစ္စည်းအဝင်နည်းသွားပေမယ့် လှောင် လက်တွေက အဝင် လှိုင်ချိန်မှာပစ္စည်းတွေဝယ်စုထားကြပြီးအခုချိန်မှာဝယ်လက်မရှိလို့ကုန်သည်များမှာပစ္စည်းရှိပြီး ဝယ်လက်ထိုင်စောင့်နေရတယ်လို့လည်း သိရှိရပါ တယ်။ နနွင်းေ ဈးက တော့ တစ်ပိသာကို ကျပ် ၁၃၀ဝ မှ ကျပ် ၁၇၀ဝထိဈေးရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ ချင်းရော နနွင်းပါ အရောင်းအေးနေတယ်လို့ သိရှိရပါ တယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိသာကျပ် ၂၆၀ဝ ဈေးရှိတယ်လို့ သိရှိရပါ တယ်။ အရောင်းအဝယ်ကတော့ တစ်ပတ်အတွင်း အမှုန့်ကြိတ်သမားလောက်သာ အဝယ်ရှိလို့ ပိသာချိန်သုံးသောင်းခန့်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ဟိုပုံးဈေးကွက်မှာ နနွင်းအဝင်မရှိတော့ဘူးလို့ သိရှိရပါတယ်။ အရောင်း အဝယ်ကတော့ မိုးများတာရယ် ဝယ်လက်ဖြစ်တဲ့ ရခိုင်၊ စစ်တွေဘက်မှာ လမ်းတွေ ပျက်နေတာကြောင့် အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။ နနွင်းပေါက်ဈေး ကတော့ တစ်ပိသာကို ကျပ် ၁၂၀ဝ မှ ကျပ် ၁၅၀ဝ အထိဈေးရှိတယ်လို့ ဟိုပုံးဈေးကွက်မှသိရှိရပါတယ်။
Page » 1

Agency Ministry of Foreign Affairs
Category General