ဘိလပ်မြေတန်ချိန် ၄၀ဝ၀ဝ နီးပါးသာဝင်

ဇူလိုင် ၁၀ရက်မှ ၁၆ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ၂၉၉၆၇၆၂ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၂ ဒသမ ၈၅၄တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်း မှတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄တန်နဲ့ထိုင်းနိုင်ငံမှ ၃၅၈၇၈ ဒသမ ၈၅၄ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။တင်သွင်းခဲ့တဲ့ တံဆိပ် များ မှာ စိန်၊ဆင်နဲ့အင်စီးတို့ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုမှာတန်ချိန် ၃၉၄၀ဝ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၃၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General