တရုတ်နဲ့ ထိုင်းနိုင်ငံသို့ ကြက်သွန်နီ/ ကြက်သွန်ဖြူတင်ပို့

မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်ဒုတိယပတ်တွင်အမေရိကန်ဒေါ်လာ ၄၇၁၇၅၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၈၅၀ နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှအမေရိကန်ဒေါ်လာ ၆၆၃၈၇တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၂၀ဝကျော်တင်ပို့ ခဲ့သလိုတာချီလိတ် ကုန်သွယေ် ရး စခန်းမှ အမေရိကန် ဒေါ်လာ၁၄၈၀ဝ၀တန်ဖိုးရှိ ကြက်သွန်ဖြူ တန်ချိန် ၁၀ဝကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကမူဆယ်၊မြဝတီနဲ့ တာချီလိတ်မှ ကြက်သွန်နီ တန်ချိန်၁၂၉၉တန်နဲ့ တာချီလိတ် စခန်း မှပုံမှန် တင်ပို့နေကျ ကြက်သွန်ဖြူတန်ချိန်၁၂၀ ကို တင်ပို့ခဲ့လို့ ယခုတစ်ပတ်ကြက်သွန်နီတင်ပို့မှုတွင်မူဆယ်မှ ပိုမို တင်ပို့ လာခဲ့တာတွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်တွင် ဇွန် ၈ရက်ကကြက်သွန်တစ်တန်ကို ၃၆၉၈၀ဝကျပ်ရှိရာမှ ဇွန် ၁၅ရက်နေ့တွင် ၃၆၇၅၀ဝကျပ် သို့ ဈေး အနည်း ငယ် ကျဆင်းသွားခဲ့ပါတယ်။ မြဝတီကုန်စည်ဒိုင်မှာတော့ (၂၅ မီလီမီတာ-၃၅ မီလီမီတာ)တစ်တန်ကို ၃၈၇၅၃၁ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General