ထိုင်းနယ်စပ်မှဇူလိုင် ဒုတိယပတ်အတွင်း ရေထွက်ကုန် ပစ္စည်းတန်ချိန် ၂၀ဝ၀ ကျော်တင်ပို့

မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားရှိတဲ့ရေထွက်ကုန်ပစ္စည်းများကို မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၅၉သန်းတန်ဖိုးရှိငါးမျိုးစုံ ၅၁တန်၊အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၄ သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေ ရိကန်ဒေါ်လာ သုည ဒသေမဝ၁၇ သန်းတန်ဖိုးရှိ ပုစွန်နှစ်တန်ကိုလည်းကောင်း၊ကော့သောင်းကုန်သွယ်ရေးစခန်းမှအမေရိကန်ဒေါ်လာ သုညဒသမ ဝ၈၇ သန်း တန်ဖိုးရှိ ငါးမျိုး စုံ ၁၂၁ တန်၊ အမေရိကန်ဒေါ်လာသုညဒသမ ဝ၀၇သန်းတန်ဖိုးရှိ ပုစွန်၁တန်၊အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၄သန်းတန်ဖိုးရှိ ကင်းမွန် နှစ်တန်ကို လည်းကော င်း တင်ပို့ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှလည်း ငါးမျိုးစုံ၊ အေးခဲပုစွန်၊ အေးခဲကဏန်းပျော့၊ ငါးမှုန့်၊ ရေငန်ပုစွန်၊ ငါးခြောက်၊ ပုစွန်ခြောက်နဲ့ ကင်းမွန်တို့ကို တန်ချိန်ပေါင်း ၁၈၂၂ တန် တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။ ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General