မြန်မာနိုင်ငံဈေးကွက်တွင် ဆူဇူကီးမှ Ertiga အမျိုးအစားကားသစ်ကို ကျပ်သိန်း ၂၀ဝ ကျော်ဖြင့် ရောင်းချပေးမည်

ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည်၎င်း၏ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါ ကား အမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။အဆိုပါ မိတ်ဆက်ပွဲတွင် ဆူဇူကီး မြန်မာ မော်တော်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာတာကာ ယူကီဆူဂျီယာ မက Ertiga ကား သစ်ကို တည်ဆောက်ထားပုံ ရည်ရွယ်ချက်များ၊ ဆူဇူကီးမြန်မာ၏ အနာဂတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားခဲ့သည်။မစ္စတာတာကာယူကီ၏ ပြောကြားချက်အရ Ertiga ကားသစ်ကို ‘ှအပူငျ့ ဃသာ်သမအ’ ဟူသည့် အယူအဆပေါ်တွင် အခြေခံကာတည် ဆောက်ထားပြီး အရည်အသွေးပိုင်းအတွက် ယုံ ကြည်စိတ်ချရကြောင်း သိရသည်။ ထို့ပြင် မြန်မာ နိုင်ငံ အတွင်း၌ ဆူဇူကီးစက်ရုံ တည်ဆောက်ကာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီးမြန်မာ့ကား လုပ်ငန်းတိုးတက်ရေးကို ဆက်လက်ပံ့ပိုးသွားရန် သန္နိဋ္ဌာန်ချထား သည်ဟုလည်း ဆိုခဲ့သည်။ယခုမိတ်ဆက်ပေးလိုက်သည့်Ertigaကား သစ်မှာ စတိုင်လ်ကျလှပမှုရှိစေရန် ဒီဇိုင်းဖန်တီး ပေးထားပြီး ထိုင်ခုံ သုံးတန်းပါဝင်၍ လူခုနစ်ယောက်အထိ စီးနင်းနိုင်သည်။အန္တရာယ်ကင်း ရှင်းရေးအတွက် ကားရှေ့ခန်းတွင် လေအိတ်နှစ် လုံး ထည့်သွင်းပေးထားသည့်အပြင် ABS ဘရိတ် စနစ်ကိုလည်း အသုံးပြုပေးထားသည်။ အဆင့်မြင့် နည်းပညာများအနေဖြင့် သော့မဲ့စက်နှိုးနိုင်သော Push Start စနစ်၊ မိုဘိုင်း ကိရိယာများ အလွယ် တကူချိတ်ဆက်နိုင်စေရန် Bluetooth့ စနစ်၊ မာလ်တီမီဒီယာကြည့်ရှုနားဆင်ရန်LCD မျက်နှာ ပြင်တစ်ခုနှင့် ကားအနောက်ဘက်တွင် ပါကင် အာရုံခံ စနစ် (Parking Sensor)) တို့ ထည့်သွင်း ပေးထားသည်။ ဒီဇိုင်းသွင်ပြင် ပိုမိုလှပစေရန် အရှေ့ဘက်နှင့်အနောက်ဘက် သတ္တုတန်း များနှင့် နှင်းခွဲ မီးတစ်ဝိုက်တို့တွင် ခရိုမီယံသတ္တုဖြင့် အလှ ဆင်ပေးထားသည်။ Ertiga ကားသစ်တွင် 1.4L ဓာတ်ဆီအင်ဂျင်ပါဝင်ပြီး ဆီတစ်လီတာလျှင် ၁ ၆ ဒသမ ၁ ကီလိုမီတာအထိ ခရီးနှင်နိုင်စွမ်းရှိသည်။ အရောင်အနေဖြင့် အနက်၊ အဖြူနှင့် မိတ်ကပ် ရောင်တို့ကို ရွေးချယ်နိုင်ဝယ်ယူနိုင်ကြောင်း သိရ သည်။ မယ်သီတာ

Agency Ministry of Foreign Affairs
Category General