အရသာကောင်း၊ ဈေးကောင်းတဲ့ ကယားမြေက ဆီးဘူးငရုတ်

ကယား xxxx ကယား xxxxx ကယားဌာနေ xxxxxx ကယားတို့ဌာနေ xxxxxx ငွေတောင်ဆည် ဒီမောဆို ခေါင်ရည်ချို သောက်မယ်xxxxx ဟေ့ xxxxxx၁၉၉၅-၉၆ခုနှစ်ကကယားပြည်နယ်ရဲ့ကျောင်းသားအားကစားပွဲ တော်မှာ အကော်ဒီယံနဲ့တီးခတ်ထားတဲ့ ကယားပြည်နယ်ရဲ့သီချင်းတစ်ပုဒ် ပါ ငွေေ တာင်ဆည်နဲ့ ရိုးရာခေါင်ရည်ဟာကယားလူမျိုး တို့ရဲ့ အထင်ကရ နေရာနဲ့ရိုးရာဖြစ်သလို ...ဟိုး ...ရှေးနှစ် ပေါင်းများစွာကတည်းက လူတွေမသိရှိ သေးတဲ့ ကယားတို့ရဲ့ဒေသထွက်ကုန် တစ်ခုကိုလည်း မိတ်ဆက်ပေးပ ရစေ...အဲဒါကတော့ ဆီးဘူး ငရုတ် သီးပါ။ ကျွန်မတို့ ကယားပြည်နယ် တစ်ခုလုံးမှာ 'ဆီးဘူး'လို့ခေါ်တဲ့ ကယားရွာ တစ်ရွာမှာပဲစိုက်ပျိုးတဲ့ ငရုတ်သီးဟာကယားဈေးကွက်မှာအလွန်နာမည်ကြီးပါတယ်။ဆီးဘူးငရုတ်ဆိုတာနဲ့ နောက် တစ်ခါပြန် ထပ်မကြည့်ရအောင် စိတ်ချ ရပါတယ်။ အရောင်ကတော့ လိမ္မော် ရောင်နဲ့ အဝါရောင် ရောစပ်ထားတဲ့ အသွင် ရှိပါတယ်။ အသီးအရွယ် အစား ကတော့ မိုးမျှော် ငရုတ်သီးထက်ငယ်ပြီးလက်မဝက်ခန့်ရှိပါတယ်။တစ်နှစ်ကို နှစ်ခါ မိုးဦးနဲ့ ဆောင်း ရာသီမှာစိုက်ပျိုး ကြပါတယ်...ဆီးဘူးငရုတ်သီးဟာ ရေများ တာကို မနှစ်သက်ပါဘူး..ကုန်းစောင်း၊တောင်ယာလယ်ကွက်တွေထဲမှာစိုက်ပျိုးကြ ပါတယ်..ခရမ်းပင်၊ ချဉ်ပေါင်ပင်၊ ရုံးပတီပင်များနဲ့ အတူ ရောစိုက်ကြ ပါတယ်. .အပင် အကွာအဝေးကတော့ တစ်ပေပတ်လည် စိုက်ပျိုးရပါတယ်..သက်တမ်းကတော့တစ်နှစ်အထိရှိပါတယ်။ စိုက် ပျိုးပြီး သုံးလမှ လေးလအတွင်း အသီး စခူးလို့ရပါပြီ။တစ်ဧကကို အကောင်းဆုံး ထွက် နှုန်းပိဿာ ၄၀ ခန့်မှ ၅၀ အထိ ထွက်ရှိ ပါတယ်။ အစို တစ်ပိသာခွဲကို အခြောက်လှမ်းပါက အခြောက် တစ် ပိသာ၁၀ ကျပ်သားရရှိပါတယ်။ ဈေး နှုန်းကတော့ တစ်ပိသာကို ကျပ် ၁၀ဝ၀ဝ မှ ၁၄၀ဝ၀ အထိရှိပါတယ်။ အနံ့၊ အရ သာနဲ့အစပ်ကတော့ ကျွန်မတို့ပြည် နယ် ကထွက်တဲ့မှဲ့ခါသီး(ခေါ်)မာကတ်သီးနဲ့ များတွဲစားလိုက်ရင်လျှာရည်လည်သွားပါ့မယ်။ဆီးဘူးငရုတ်သီးဟာ ဈေး ကောင်းသလိုသဘာဝ မြေသြဇာနဲ့သာ စိုက်ပျိုးထားတဲ့အတွက် ယုံကြည် စိတ်ချစွာ စားသုံးနိုင်ပါတယ်။ ငရုတ် သီးအစပ်ကို နှစ်သက်တဲ့ မိသားစုများ အတွက် သတင်းကောင်းတစ်ခုဝေမျှရ သလိုအခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် များမှာ ရှိတဲ့ ကုန်သည်များနဲ့ကျွန်မတို ့ ပြည်နယ်မှာရှိတဲ့ကုန်သည်များအ တွက်ဈေးကွက် သစ်တစ်ခုရှာဖွေနိုင် ပါတယ်။ကျွန်မတို့ကယားပြည်နယ်၊ ကန္ဒာရဝတTrade Center မှာလည်း ဒေသထွက်ကုန်တစ်ခုအနေနဲ့ ပြသ ထားတဲ့အတွက်လုပ်ငန်းရှင်များနဲ့ မိဘပြည်သူမျာ းလာရောက်လေ့လာ နိုင်ပါတယ်။Export ဆောင်ရွက်ချင်တဲ့ ကုန်သည်များအနေနဲ့လည်း ၇ လမ်း နဲ့ ၈ လမ်းကြား၊ နောင်ယား(က) ရပ်ကွက်၊ ကန္ဒာရဝတီTrade Center ဖုန်း ဝ၈၃-၂၁၀ဝ၅ မှာ ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါကြောင်းသတင်း ကောင်းပါးအပ်ပါတယ်။ ကဲ… ကယားကိုအလည်လာချင် တဲ့ အမျိုးတို့ရေ...ကယားကို တစ်ခါ လောက်များ အလည်လာခဲ့ရင် ရိုးရာခေါင်ရည်ရယ်၊ ကယားဝက်အူ ချောင်းရယ်၊ ဆီးဘူး ငရုတ်သီးပါဝယ် ပြီးမှ ပြန်ဖို့မမေ့ပါနဲ့နော်....

Agency Ministry of Foreign Affairs
Category General