မိုးတွင်းကာလဖြစ်၍ ပုသိမ်ထီးဈေးကွက်အရောင်းအဝယ်အေး

ယခုကာလသည် မိုးတွင်းကာလ ဖြစ်၍ပုသိမ်မြို့ရဲ့ အဓိကဈေးကွက်တစ်ခုဖြစ်တဲ့ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါ တယ် ။ ပြည်တွင်း ပြည်ပဈေးကွက်ခိုင်မာစွာ ရရှိထားတဲ့ပုသိမ်ထီးဈေးကွက်မှာပြည်တွင်းတွင်ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ အင်းလေး ၊ မော် လမြိုင်၊ တောင်ကြီးမြို့ များရှိ ဟိုတယ်များနဲ့ ငွေဆောင်၊ချောင်း သာ၊ ငပလီကမ်းခြေဟိုတယ်များတွင် အလှဆင်ရာမှာလည်းကောင်း၊ မြန်မာ့ ရိုးရာ ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာ ပွဲများမှာလည်းကောင်း အသုံးပြုလျက် ရှိပြီး လေးလက်မမှ လက်မ ၂၀ အထိ အရွယ်အစား အမျိုးမျိုးဖြင့် ထုတ်လုပ် လျက်ရှိပါတယ်။ ကမ်းခြေသုံးဆိုဒ်ကြီးထီးများမှာလေးပေမှ၁၀ ပေ ၊၁၂ ပေအထိရှိပြီး ဈေးနှုန်းမှာလည်းကျပ်၃၀ဝ၀၊၄၀ဝ၀၊၅၀ဝ၀မှစ၍ ကျပ် ၈၀ဝ၀ဝ - ၁၀ဝ၀ဝ၀ ကျော်အထိ ရှိပါတယ်။ထီးတစ်ချောင်းလုံးကို ဒေသထွက်ကုန်ကြမ်းများဖြစ်တဲ့ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ၊ ချည်ကြိုးများကိုသုံးလျက် ၎င်းင်းထီးပေါ်တွင် ကနုတ်ပန်းချီဖြင့်အလှဆင်ထားပါတယ်။ ပန်းချီဒီဇိုင်းများအမျိုးအစားအားဖြင့်၁၀ဝကျော်ရေးဆွဲထားပြီး အဆိုပါဒီဇိုင်းများ မှာ မြန်မာ့အနု ပညာကိုဖော် ထုတ်ပြ သ ထားတဲ့ ရှေးခေတ်ရိုးရာဒီဇိုင်းများနဲ့ ရိုးရာမပျက်ခေတ်မီဒီဇိုင်းများဖြစ်ပြီး ဝယ်ယူသူများကို ဆွဲဆောင်မှု ရှိစေပါ တယ်။' ပုသိမ်ထီးရဲ့ ထူးခြားချက်မှာ ထီး တစ်ချောင်းလုံးကိုလက်နဲ့သာ ပြုလုပ်ထားတဲ့အတွက် မြန်မာ့ရိုးရာ လက် မှုပညာစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ အနု ပညာလက်ရာမြောက် ပစ္စည်းတစ်မျိုး ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ပြည်ပ နိုင်ငံသားများ လွန်စွာနှစ်ခြိုက်ကြတဲ့ မြန်မာ့ လက်မှုပစ္စည်းဖြစ်ပါတယ်။' လို့ ပုသိမ်မြို့တောရကျောင်းလမ်းမှ ရွှေစာ ထီး လုပ်ငန်းရှင် ဦးမင်းနိုင်က ပြောပါ တယ်။မြန်မာ့ရိုးရာလက်မှုပစ္စည်း ဖြစ်တဲ့ပုသိမ်ထီးဟာ ပြည်ပပို့ကုန်ပစ္စည်း များအနက် နိုင်ငံခြားသားများ အထူး နှစ်ခြိုက် ကြပါတယ်။ဒါပေမယ့် ပုသိမ်ထီးဟာ မိုးတွင်းကာလမှာ ဈေးကွက်အတွင်းအရောင်းအဝယ်အေးသလို ထီးပင်ရင်းဆိုင်ကြီးများ အနေနဲ့လည်း အမှာစာရ ရှိမှ သာဈေးကွက်သို့တင်ပို့ ရောင်းချရန် ပြုလုပ်ပေးလျက်ရှိပါတယ်။မိုးတွင်းကာလ ပြည်တွင်းပြည်ပ ခရီးသွားများဝင်ရောက်မှုနည်းပါးချိန်မှာအရောင်း အဝယ်အေး ပြီး ပွင့်လင်း ရာသီရောက်မှသာ အရောင်း အဝယ် သွက်လေ့ရှိကြောင်း သိရပါတယ်။

Agency Ministry of Foreign Affairs
Category General