ဗန်းမောက်မြို့နယ်မှထွက်ရှိတဲ့မြီးတုံးဆန်ကို ဖားကန့်ဒေသမှ အဝယ်လိုက်၍ ဈေးကောင်းရနေ

ကချင်ပြည်နယ် ဗန်းမောက်မြို့မှထွက်ရှိတဲ့ မြီးတုံးဆန် ကို ဖားကန့်ဒေသမှအဝယ်လိုက်နေတဲ့အတွက် ဈေးကောင်းရ နေကြောင်းသိရပါတယ်။ ဖားကန့်ဒေသဟာ မိုးရာသီဝမ်းစာ အတွက် မြီးတုံးဆန်ကို ဝယ်ယူသိုလှောင်နေတဲ့အတွက် မြီးတုံး စပါးကို အများအပြားစိုက်ပျိုးနေကြတဲ့ ဗန်းမောက်မြို့နယ်မှ တောင်သူများအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်။
မြီးတုံးစပါးများကို ဗန်းမောက်မြို့နယ်မှတစ်ဆင့် အင်း တော်သို့တင်ပို့ပြီး အင်းတော်ဆန်စက်များမှာ ကြိတ်ခွဲကာ ဖားကန့်သို့ တင်ပို့နေတာဖြစ်ပါတယ်။ မြီးတုံးဆန်  အဝယ် လိုက်လာတဲ့အတွက်  မြီးတုံးဆန်တစ်အိတ်ကို ကျပ် ၃၁၀ဝ၀ အထိဈေးရရှိခဲ့ပါတယ်။ မြီးတုံးစပါးဈေးဟာ ယခုတစ်ပတ် အတွင်းမှာ တင်းတစ်ရာကို  ကျပ်ရှစ်သိန်းအထိ မြင့်တက်ခဲ့ ပါတယ်။
ကသာခရိုင်မှာ ဆန်စပါးစိုက်ပျိုးမှုရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ဆင်း-၃ စပါးမျိုးသန့်တွေကိုသာ  အဓိကထားပြီး စိုက်ပျိုးကြပါတယ်။ ဆင်း-၃ ဆန်က ဈေးကွက်ခိုင်မာမှုရှိသလို တောင်သူလည်း  တွက်ခြေကိုက်တဲ့အတွက် အဓိကထားပြီး စိုက်ပျိုးကြတာဖြစ်ပါတယ်။
ဒါပေမယ့်   ကသာဆိပ်ကမ်းမှတစ်ဆင့်   ဗန်းမော်၊    ဗန်းမော်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ဆင်း-၃ စပါး ဟာ တင်းတစ်ရာကို ကျပ်ရှစ်သိန်း၊ ကသာဆိပ်ကမ်းအရောက် ဆန်တစ်အိတ်ဈေး ကျပ် ၃၀၇၀ဝ နဲ့ဈေးကောင်းရရှိနေပေမယ့် လက်ကျန်နည်းလာလို့   တင်ပို့မှုလျော့ကျလျက်ရှိပါတယ်။
အဲဒီလိုအချိန်မှာ မြီးတုံးဆန်က ဈေးကောင်းရလာတဲ့ အတွက် မြီးတုံးဆန်တွေကို ကြိတ်ခွဲပြီး တင်ပို့နေရတာဖြစ်တယ် လို့ မဲဇာကျေးရွာမှ KW စက်ပိုင်  ဒေါ်အားစင်းကပြောပါ
တယ်။
ကြည်နိုင်ဦး-အင်းတော်

Agency Ministry of Foreign Affairs
Category General