Re - Exportနဲ့ ဘယ်လိုကုန်သွယ်ကြမလဲ


အခုခေတ်ကာလ ကုန်သွယ်မှု လောကတစ်ခွင်မှာ ကြား နေရတဲ့ စကားတစ်ခွန်းကတော့Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုခြင်းပါ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလောက တစ်နည်းအားဖြင့် မြန်မာ့ကုန်သည်လောကမှာRe-export စနစ် ပေါ်ထွန်းလာတာ သိပ် မကြာသေးတော့ ကုန်သည်တော်တော်များများသာမက ပြည်သူတွေပါ ဒီစနစ်နဲ့ အကျွမ်းတဝင် မဖြစ်ကြသေး။
Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုမယ်ဆိုရင် ျွန-နထစသမအ စနစ်ရဲ့လုပ်ထုံးလုပ်နည်းတွေ၊Re-export စနစ်မှာ ဘယ်လို ကုန် ပစ္စည်းတွေကိုကုန်သွယ်မှုပြုနေသလဲ။ နိုင်ငံတော်ကရော ဘယ် လောက်အတိုင်းအတာအထိခွင့်ပြုထားသလဲ။ စတဲ့စတဲ့အခြေခံ အချက်တွေကို သိထားဖို့ လိုအပ်လှပါတယ်။
Re-export စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီရဲ့ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်မှာကျင်းပတဲ့ (၆/၂၀၁၆)အစည်းအဝေးမှာ အတည်ပြုပေးခဲ့ပါတယ်။
အဲဒီအတည်ပြုချက်အရကုန်သွယ်ရေးဦးစီးဌာနရဲ့ ၂၀၁၆ခုနှစ်၊ မတ်လ ၇ ရက်၊ ရက်စွဲပါ ရုံးတွင်းညွှန်ကြားစာ အမှတ် (၁^၂၀၁၆)နဲ့ ၂၀၁၆ ခုနှစ် မတ်လ ၁ရက်မှစတင်ကာ ျွန-နထစသမအ စနစ်ကို စတင်ကျင့်သုံးခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်အရ ကွမ်းသီး၊ သကြားနဲ့ စက်သုံးဆီတို့ ကRe-export စနစ်နဲ့ တင်ပို့တင်သွင်းခွင့် ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီရဲ့ ၂၀၁၆ခုနှစ် ဇွန်လ ၁၇ ရက်မှာ ကျင်းပ တဲ့(၉/၂၀၁၆) အစည်းအဝေးကနေ နောက်ထပ် ကုန်ပစ္စည်း အမယ် ၁၄ မျိုးကRe-export စနစ်နဲ့ ကုန်သွယ်မှုပြုရေးအတွက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီကုန်ပစ္စည်းအမယ်တွေကတော့ ကားတာယာ၊ နှမ်း (နှမ်းဖြူ၊ နှမ်း နက်)၊ ငြုပ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ် စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ် အထည်၊ စားသုံးဆီနဲ့ ကြက်သွန်ဖြူတို့ပဲ ဖြစ်ပါတယ်။
ထပ်မံခွင့်ပြုခဲ့တဲ့ ကုန်ပစ္စည်းအမယ်များအနက် ကား တာယာကိုတော့ ပြည်တွင်းရော်ဘာမထွက်ရှိမီ စမ်းသပ်ကာလ သုံးလခွင့်ပြုထားတာဖြစ်ပါတယ်။ အဲဒီ သုံးလအတွင်းမှာ အမှန် တကယ် လုပ်ငန်းဆောင်ရွက်နိုင်မှု ပမာဏအပေါ်  မူတည်သုံး သပ်၍ ဆက်လက်ခွင့်ပြုပေး သွားမှာဖြစ်ပါတယ်။
Re-export စနစ်ဆိုတာ ဘာလဲ။
Re-export စနစ်ဆိုတာ ပြည်ပမှ ကုန်ပစ္စည်းများကို တင်သွင်း၍ မူလအတိုင်း ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ မူလ ပင်ရင်းနိုင်ငံ မပြောင်းလဲစေဘဲ ပြုပြင်ထုတ်လုပ်ပြီး အခြား တစ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။

ဘယ်လိုကုန်သွယ်မှုလမ်းကြောင်းတွေကနေ ကုန်သွယ်မှုပြုမလဲ။
Re-export စနစ်နဲ့ ကုန်သွယ်ရာမှာ လမ်းကြောင်း သုံးခုနဲ့ တင်ပို့တင်သွင်း နိုင်ကြပါတယ်။ အဲဒီလမ်းကြောင်း သုံးခုကတော့-
(၁)    ပင်လယ်ရေကြောင်းမှ တင်သွင်းပြီး နယ်စပ်စခန်း များမှ ပြန်လည် တင်ပို့ ခြင်း၊
(၂)    နယ်စပ်စခန်းများမှတင်သွင်းပြီး နယ်စပ်စခန်းများမှ ပြန်လည်တင်ပို့ခြင်း၊
(၃)    နယ်စပ်စခန်းများမှတင်သွင်းပြီး ပင်လယ်ရေကြောင်း မှ ပြန်လည်တင်ပို့ခြင်းတို့ပဲ ဖြစ်ပါတယ်။
မှတ်ပုံတင်ရန် နည်းလမ်းများ
Re-export စနစ်နဲ့ကုန်သွယ်ရာမှာ  မြန်မာနိုင်ငံသား ကုမ္ပဏီများကိုသာ ခွင့်ပြုပေးထားပါတယ်။   မြန်မာနိုင်ငံသား ကုမ္ပဏီတွေဟာ ျွန-နထစသမအ စနစ်နဲ့  ကုန်သွယ်ဖို့ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်မှုပြုနိုင်ရန်အတွက် မှတ်ပုံတင် ကတ်ပြားပြုလုပ်ရမှာ ဖြစ်ပါတယ်။အဲဒီမှတ်ပုံတင်ကတ်ပြားကို တော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှာ ပြုလုပ်ရမှာဖြစ်ပါတယ်။
Re-export မှတ်ပုံတင်ကတ် လျှောက်ထားရာမှာတင်ပြရ မယ့် စာရွက်စာတမ်းတွေကတော့ -
(၁)    ကုမ္ပဏီLetter Head  ဖြင့် လျှောက်လွှာ၊
(၂)    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာနမှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မူရင်း/မိတ္တူ)၊
(၃)    ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပေးသော ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(မူရင်း/မိတ္တူ)
(၄)    ဒါရိုက်တာအဖွဲ့ဝင်များ၏      အစုရှယ်ယာစာရင်း (Form VI)) (မူရင်း/မိတ္တူ)
(၅)    ဒါရိုက်တာအဖွဲ့ဝင်အမည် စာရင်း (Form XXVI)(မူရင်း/မိတ္တူ)
(၆)    သင်းဖွဲ့မှတ်တမ်းနှင့်   သင်းဖွဲ့  စည်းမျဉ်းစာအုပ် (မူရင်း/မိတ္တူ)
(၇)    ပစ္စည်းများ တစ်ဆင့်ခံသို လှောင်ရန်အတွကWarehouse  အမှန်တကယ်ရှိကြောင်း တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်း လိုင်စင်(Warehouse တည်နေရာ၊ အမျိုးအစား၊ အကျယ်အဝန်း၊ ဓာတ်ပုံအထောက်အထားများနှင့် တကွ တင်ပြရန်)
(၈)    ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ် ထားသည့် ဘဏ်စာရင်းစာအုပ် (မူရင်း/မိတ္တူ)

Re-export  စနစ်အတွက် ပေးသွင်းရမယ့် အခကြေးငွေများ
Re-export အ စနစ်နဲ့ကုန်သွယ်မှု ပြုရာမှာ ပေးသွင်းရမယ့် အခကြေးငွေ များကို နိုင်ငံတော်က တရားဝင်သတ် မှတ်ပေးထား ပါတယ်။ အဲဒီအခကြေး ငွေတွေကို ကုန်သွယ်ရေးဦးစီးဌာနရဲ့ ငွေစာရင်းကို ပေးသွင်းရမှာ ဖြစ်ပါတယ်။
 ဆက်လက်ဖော်ပြပါမည်။


မြန်မာနိုင်ငံဈေးကွက်တွင် ဆူဇူကီးမှ Ertiga အမျိုးအစားကားသစ်ကို  ကျပ်သိန်း ၂၀ဝ ကျော်ဖြင့် ရောင်းချပေးမည်

ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည် ၎င်းင်း၏ ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကားအမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ   ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မိတ်ဆက်ပွဲတွင် ဆူဇူကီး မြန်မာ မော်တော်ကုမ္ပဏီ၏  ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာတာကာ ယူကီဆူဂျီယာ မက Ertiga ကား သစ်ကို  တည်ဆောက်ထားပုံ ရည်ရွယ်ချက်များ၊ ဆူဇူကီးမြန်မာ၏ အနာဂတ် ရင်းနှီးမြှုပ်နှံမှုများနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားသွားခဲ့သည်။
မစ္စတာတာကာယူကီ၏  ပြောကြားချက်အရ Ertiga ကားသစ်ကို ‘ှအပူငျ့ ဃသာ်သမအ’ ဟူသည့်  အယူအဆပေါ်တွင် အခြေခံကာတည် ဆောက်ထားပြီး  အရည်အသွေးပိုင်းအတွက် ယုံ ကြည်စိတ်ချရကြောင်း သိရသည်။ ထို့ပြင် မြန်မာ နိုင်ငံအတွင်း၌ ဆူဇူကီးစက်ရုံ တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး   မြန်မာ့ကား လုပ်ငန်းတိုးတက်ရေးကို  ဆက်လက်ပံ့ပိုးသွားရန် သန္နိဋ္ဌာန်ချထားသည်ဟုလည်း ဆိုခဲ့သည်။
ယခုမိတ်ဆက်ပေးလိုက်သည့်Ertigaကား သစ်မှာ စတိုင်လ်ကျလှပမှုရှိစေရန် ဒီဇိုင်းဖန်တီး ပေးထားပြီး ထိုင်ခုံ သုံးတန်းပါဝင်၍  လူခုနစ် ယောက်အထိ စီးနင်းနိုင်သည်။  အန္တရာယ်ကင်း ရှင်းရေးအတွက် ကားရှေ့ခန်းတွင် လေအိတ်နှစ် လုံး ထည့်သွင်းပေးထားသည့်အပြင် ABS ဘရိတ် စနစ်ကိုလည်း အသုံးပြုပေးထားသည်။ အဆင့်မြင့် နည်းပညာများအနေဖြင့်  သော့မဲ့စက်နှိုးနိုင်သော Push Start စနစ်၊ မိုဘိုင်း ကိရိယာများ အလွယ် တကူ ချိတ်ဆက်နိုင်စေရန် Bluetooth့ စနစ်၊ မာလ်တီမီဒီယာကြည့်ရှုနားဆင်ရန်LCD မျက်နှာ ပြင်တစ်ခုနှင့်  ကားအနောက်ဘက်တွင်  ပါကင် အာရုံခံစနစ် (Parking Sensor)) တို့ ထည့်သွင်း ပေးထားသည်။ ဒီဇိုင်းသွင်ပြင် ပိုမိုလှပစေရန် အရှေ့ဘက်နှင့်အနောက်ဘက်  သတ္တုတန်းများနှင့် နှင်းခွဲမီးတစ်ဝိုက်တို့တွင်   ခရိုမီယံသတ္တုဖြင့် အလှ ဆင်ပေးထားသည်။  Ertiga  ကားသစ်တွင် 1.4L ဓာတ်ဆီအင်ဂျင်ပါဝင်ပြီး  ဆီတစ်လီတာလျှင် ၁
၆ ဒသမ ၁ ကီလိုမီတာအထိ ခရီးနှင်နိုင်စွမ်းရှိသည်။ အရောင်အနေဖြင့် အနက်၊ အဖြူနှင့်  မိတ်ကပ် ရောင်တို့ကို  ရွေးချယ်နိုင်ဝယ်ယူနိုင်ကြောင်း  သိရ သည်။               
                မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General