မုံရွာဆီထွက်သီးနှံဈေးကွက် အရောင်းအဝယ်အေး

မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိသာ ကျပ် ၂၇၀ဝ၊ မြေပဲဆန်(ဖြူ) တစ်ပိသာ ၂၆၂၅ ကျပ်၊ဆီဆန်တစ်ပိသာကျပ်၂၀ဝ၀ ဖြစ်ခဲ့သော်လည်းယခင်လကထက်တစ်ပိသာ ကျပ် ၄၀ဝခန့် လျော့ကျ လာ ခဲ့ ကာအရောင်းအဝယ်ပါအေးသွားတယ်လို့ကုန်သည်ရပ်ကွက်ကဆိုပါတယ်။တရုတ်ဝယ်လက်ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်းဝယ်လိုအားသာ များခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ်၂၀ဝခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊မုံရွာဝန်းကျင်ရှိဆားလှော်ဖိုတွေကကုန်သည်နဲ့တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေရှိနိုင်တယ်လို့သိရပါတယ်။ယခုတစ်ပတ် နှမ်းေ ဈးကွက်မှာလည်း နှမ်းနက်တစ်မျိုးသာ ပြည်ပဝယ်လက်ရှိခဲ့ပြီး တစ်တင်းကျပ် ၄၈၀ဝ၀ အမြင့်ဆုံးပေါက်ဈေးဖြစ်ပေါ်ခဲ့ကာ တစ်ရက် အိတ် ၃၀ဝ ခန့် အရောင်း အဝယ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ နှမ်းဖြူ ဈေးကွက်မှာတစ်တင်းကျပ်၂၇၀ဝ၀မှကျပ်၃၀ဝ၀ဝအထိ၊ နှမ်းညို(အသစ်)တစ်တင်းကျပ်၂၅၀ဝ၀အသီးသီး ပေါက်ဈေးဖြ စ်ပေါ်ခဲ့ကာ တစ်ရက်အိတ်၁၀ဝခန့်စီသာ အရောင်းအဝယ်ဖြစ်တယ်လို့ ဒိုင်ရပ်ကွက်ကသိရပါတယ်။

Agency Ministry of Foreign Affairs
Category General